တရုတ်နိုင်ငံအစိုးရအပေါ် တရုတ်ပြည်သူများ၏ ယုံကြည်မှု ၉၀ ရာခိုင်နှုန်းကျော်ရှိ

2022-01-21 15:49:57 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံအစိုးရအပေါ် တရုတ်ပြည်သူများ၏ ယုံကြည်မှု အဆင့် ၉၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီးအမေရိကန်နိုင်ငံသားများ၏ ၎င်းတို့အစိုးရအပေါ်ယုံကြည်မှုညွှန်းကိန်းမှာ ၃၉ ရာခိုင်နှုန်း သာရှိကြောင်း ၂၀၂၂ Edelman Trust Barometer စစ်တမ်းအား ဇန်နဝါရီ ၁၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၂၀၂၂ Edelman Trust Barometer သည် ကမ္ဘာ့အကြီးဆုံး ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဆက်ဆံရေးအတိုင်ပင်ခံကုမ္ပဏီ Edelman မှ ကောက်ယူသည့် ၂၂ ကြိမ်မြောက် ယုံကြည်မှုနှင့် အများယုံကြည်လက်ခံနိုင်မှု စစ်တမ်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်တမ်းကောက်ယူမှုတွင် Edelman Data & Intelligence မှ ပံ့ပိုးပေးထားပြီး ယမန်နှစ် နိုဝင်ဘာလ၁ ရက်မှ ၂၄ရက်အတွင်း ပြုလုပ်ခဲ့သော မိနစ် ၃၀ ကြာအွန်လိုင်း အင်တာဗျူးများ ပါဝင်ပြီး ဤစစ်တမ်းတွင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ဖြေဆိုသူပေါင်း ၃၆,၀၀၀ ခန့်ရှိကြောင်း သိရသည်။

ဘာရိုမီတာ တိုင်းတာမှုပုံစံလေးမျိုးဖြစ်သော စီးပွားရေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO)၊ အစိုးရနှင့် မီဒီယာများ တွင် တရုတ် နိုင်ငံသားများ၏ ယုံကြည်မှု အညွှန်းကိန်းသည် တိုးလာခဲ့ပြီး အမေရိကန် နိုင်ငံသားများ၏ အညွှန်းကိန်းမှာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကို အာရုံစိုက်ထားသော အဆိုပါ Edelman အစီရင်ခံစာသည် လွန်ခဲ့သည့်နှစ်အတွင်း လူကြိုက်များသောထောက်ခံမှု အဘယ်ကြောင့် ဤမျှမြင့်မားလာသည်ကို ရှင်းပြရန် ပြည်တွင်းနှင့် ပြင်ပအချက်များစွာကို ကိုးကားဖော်ပြထားကြောင်း သိရသည်။

၎င်း၏ ခွဲခြမ်းစိတ်ဖြာမှုအရ တရုတ်နိုင်ငံသည် COVID-19 ဖြစ်ပွားပြီးနောက် အဓိကစီးပွားရေးအား ပြန်လည်ဖွင့်လှစ်ပြီး စီးပွားရေး ရှင်သန်ကြီးထွားလာသည့် ပထမဆုံးသော နိုင်ငံဖြစ်ကြောင်း သိရသည်။ ထို့အပြင် တရုတ်အစိုးရသည် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကဲ့သို့သော လှုပ်ရှားမှုများဆောင်ရွက်ခဲ့ပြီး အခြားနယ်ပယ်များတွင်လည်း တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၂၀၂၂ ခုနှစ်တွင် ပြုလုပ်ခဲသောအစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)