ဒီဂ်စ္တယ္လူသား(digital human )လာၿပီ !!!

2022-01-21 15:57:05 |သတင်းအရင်းအမြစ် 央视财经

ယခင်က အနာဂတ်စိတ်ကူးယဥ်သိပ္ပံဇာတ်လမ်း၊ ဝတ္ထု၊ ရုပ်ရှင်တို့၌သာ ရှိသော နည်းပညာ နှင့်မြင်ကွင်းတို့သည် ယခုခေတ်ကာလတွင် နေ့စဉ်ဘဝ၌ ပိုလေများပြားလေလေ ကြုံ တွေ့နေကြရသည်။ ထိုအထဲတွင် ဒီဂျစ်တယ်လူသား(digital human )လည်းပါဝင်သည်။

၂၀၂၁ ခုနှစ် နှစ်ကုန်တွင် China Vanke ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Yu Liang သည် Wechat စကားဝိုင်းတွင် “Cui Xiaopan အမျိုးသမီးက ၂၀၂၁ ခုနှစ် China Vanke ရဲ့ ထူးချွန်တဲ့ ဝန်ထမ်းသစ်ဆုကို ဆွတ်ခူးရရှိတဲ့အတွက် ဂုဏ်ယူမိကြောင်း” ဝမ်းမြောက်ဖွယ် သတင်း စကားကို မျှဝေခဲ့သည်။ ၎င်းဝန်ထမ်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် China Vanke သို့ ဝင်ရောက်အလုပ်လုပ်ခဲ့ပြီး ရုပ်ရည်ချောမောကာ အလုပ်စွမ်းရည်လည်း ထူးချွန်လှပါသည်။ သို့ရာတွင် သူမသာဆုမရခဲ့ပါက သူမသည် ဒီဂျစ်တယ်လူသား(digital human ) တစ်ဦးဖြစ်ကြောင်း လူသိနည်း မည်ဖြစ်ပါသည်။

ကမ္ဘာ့ ပထမဦးဆုံး ဒီဂျစ်တယ်လူသား(digital human )သည် ၂၀ ရာစု ၈၀ ဆယ်စုနှစ်တွင် ဂျပန်နိုင်ငံမှ စတင်ခဲ့ သည်။ ၁၉၈၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ The Super Dimension Fortress Macross ကာတွန်း ဇာတ်လမ်းတွင် ကာတွန်းမင်းသမီး Lynn Minmay သည် ချိုမြိန်သော သီချင်းသီဆိုသံနှင့် ချစ်ဖွယ်ရာကောင်းသောရုပ်သွင်ကြောင့် လူသိများခဲ့သည်။

ယခုအချိန်တွင် ဒီဂျစ်တယ်လူသား(digital human )သည် အနုပညာနယ်ပယ်တွင် အသုံးချနေကြသည်။ ဥပမာအားဖြင့် ဇန်နဝါရီလလဆန်းတွင် ပရိသတ်များနှင့် ပထမအကြိမ် တွေ့ဆုံတင်ဆက်ပြသသည့် တောင်ကိုရီးယားအဆိုတော် Reah Keem ဖြစ်သည်။ ၂၀၂၁ ခုနှစ် တရုတ်နိုင်ငံကျန်းစိုး TV ၏ နှစ်သစ်ကူးညဖျော်ဖြေပွဲတွင် ပရိသတ်များနှင့် အပြန်အလှန်ဖလှယ်သော ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် တရုတ်အဆိုတော် “Teresa Teng” သည် ပရိသတ်များနှင့် “အပြန်အလှန် ဖလှယ်”ခဲ့သည်။

ဒီဂျစ်တယ်လူသား(digital human )သည် ပရိသတ်များ၏ အမြင်အာရုံခံစားမှုကို ပိုမိုပေါကြွယ်စေခြင်းနှင့် အလုပ်တွင်ကျယ်မှု တိုးမြှင့်စေခြင်းအပြင် ချစ်ခြင်းမေတ္တာ၏ လိုအပ်မှုကိုလည်း ဖြည့်ဆည်း ပေးနိုင်သည်။ တောင်ကိုရီးယား၏ အစီအစဥ်တစ်ခုတွင် မိခင်ဖြစ်သူတစ်ဦးသည် ဉာဏ်တုဖြင့် ဖန်တီးသည့် လောကတု၌ လွန်ခဲ့သော နှစ်ပိုင်းတွင် သွေးကင်ဆာကြောင့် ဆုံးခဲ့သောသမီးနှင့် “ထပ်မံဆုံတွေ့”ခဲ့သည်။

အနာဂတ်တွင် ဒီဂျစ်တယ်လူသား(digital human )သည် ပိုများသည့်နယ်ပယ်နှင့်ကဏ္ဍတွင် အသုံးပြုလာ ကြမည်ဟု ယုံကြည်ပါသည်။


(သတင်းအရင်းအမြစ်၊ CCTV-2 မှ ကောက်နုတ်တင်ပြသည်။ ဘာသာပြန်၊ Yunnan gateway)