ကိုဗစ်-၁၉ သီးသန့်ထားရှိရာရောက်ရှိနေသည့် တရုတ်အမျိုးသမီးတစ်ဦးသည် သူမ၏ခွေး အိမ်ကို ဖျက်စီးနေသည်ကိုကြည့်ပြီး စိတ်ပျက်ခဲ့

2022-01-21 15:59:27 |သတင်းအရင်းအမြစ် 央视网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ စန်ရှီးပြည်နယ် ရှီးအန်းမြို့မှ မစ္စလျှိုသည် ၁၄ ရက်ကြာ သီးသန့်ထားရှိခံရသောကြောင့် သူမမွေးထားသည့် ခွေးကို အိမ်မှာထားခဲ့ရသည်။ သူမသည် သီးသန့်ထားရှိခြင်းမတိုင်မီက ခွေးအတွက် အစားအသောက် ကြိုတင်စီစဥ်ပေးခဲ့ပြီး ခွေး၏ အခြေအနေကို သိရှိရန် စောင့်ကြည့်ဗီဒီယို တပ်ဆင်ခဲ့သည်။

မစ္စလျှို အိမ်၌မရှိသော ပထမနေ့တွင် ခွေးသည် ဝမ်းနည်းနေခဲ့ပြီး ဒုတိယရက်မှစကာ အိမ်တွင်းပစ္စည်းများကို ပျက်စီးအောင် လုပ်ခဲ့သည်။ အင်္ကျီ၊ အိတ်၊ ဆိုဖာ စသည့်ပစ္စည်းများ တစ်ခုမကျန် အကုန်ဖျက်စီးခဲ့သည်။ မစ္စလျှိုသည် ကြည့်ရုံသာတတ်နိုင်ပြီး မည်သို့မှ မတုံ့ပြန်နိုင်ခဲ့ပေ။ အိမ်သုံးပစ္စည်းအသစ်များ ပြန်ဝယ်ပြီး “ခွေး ကျန်းမာနေတာက အရေးကြီးဆုံးပါပဲ။ အိမ်သုံးပစ္စည်းက ပြန်ဝယ်လို့ရနိုင်တယ်”ဟု ဆိုခဲ့သည်။