တရုတ်နိုင်ငံ၏ 5G ဖုန်းတင်ပို့မှု ၂၀၂၁ ခုနှစ်တွင် တရှိန်ထိုး မြင့်တက်လာ

2022-01-24 18:32:31 |သတင်းအရင်းအမြစ် 新华网

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ 5G ဖုန်းများ တင်ပို့ရောင်းချမှု ပမာဏသည် အလုံးရေ ၂၆၆ သန်းရှိခဲ့ပြီး မိုဘိုင်းလ်ဖုန်းဈေးကွက်ကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) မှ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။မိုဘိုင်းဖုန်း တင်ပို့မှု ပမာဏမှာ ယခင်နှစ်ကထက် ၆၃.၅ ရာခိုင်နှုန်း တရှိန်ထိုးမြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်း တင်ပို့ရောင်းချမှု စုစုပေါင်း၏ ၇၅.၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် 5G မော်ဒယ်သစ် ၂၂၇ ခုအား ဖြန့်ချိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ဝ.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) လက်အောက်ရှိ သုတေသနဌာန CAICT က ပြောကြားခဲ့သည်။


ဒီဇင်ဘာလတစ်လတည်းတွင် 5G ဖုန်းများ တင်ပို့ရောင်းချမှုသည် ပြီးခဲ့သည့်နှစ်ထက် ၄၉.၂ရာခိုင်နှုန်း တရှိန်ထိုးမြင့်တက်ခဲ့ပြီး အလုံးရေ ၂၇.၁၅ သန်းတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။


တရုတ်နိုင်ငံအနေဖြင့် 5G ကွန်ရက်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းတွင် 5G အခြေစိုက်လုပ်ငန်းပေါင်း ၆၅၄,၀၀၀ အား တည်ထောင်ခဲ့ကြောင်း သိရသည်။ ယခုအချိန်အထိ 5G အခြေစိုက်စခန်းပေါင်း ၁.၄၃သန်း နီးပါးရှိကြောင်း MIIT မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)