တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach တွေ့ဆုံဆွေးနွေ

2022-01-27 17:38:07 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၂၅ ရက် ပေကျင်းမြို့ ကျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bachနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီက လာမည့်ရက်ပိုင်းများတွင် တရုတ်နှစ်ကူး နွေဦးပွဲတော်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ ယခုနှစ် နှစ်သစ်တွင် မိမိတို့နှင့်အတူ ဖြတ်သန်းဖို့ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

၆ နှစ်ကြာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပေကျင်း ဆောင်းရာသီအိုလံပစ် ကဏ္ဍအသီးသီးလုပ်ငန်းများ အသင့်ဖြစ်နေပြီး သတ်မှတ်အချိန်အတိုင်း အဆင်ပြေချောမွေ့စွာ ကျင်းပတော့မည်ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာသို့ ရိုးရှင်း၊ လုံခြုံ၊ စည်ကားသိုက်မြိုက်သော အိုလံပစ်ပွဲကြီးကို ပြသမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ၎င်းမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သတ်မှတ်ချိန်အတိုင်း ကမ္ဘာလုံးဆိုင်ရာ ဘက်စုံအားကစားပွဲကြီး ကျင်းပနိုင်ခြင်းဖြစ်ရာ “ပို၍ မြန်ဆန်၊ ပို၍ မြင့်မား၊ ပို၍အားကောင်းသော____ပိုမို စည်းလုံးညီညွတ်ခြင်း” ဟူသော အိုလံပစ် ဆောင်ပုဒ်သစ်၏ အောင်မြင်စွာ လက်တွေ့ဖော်ဆောင်ခြင်းပင် ဖြစ်ကြောင်း ဆိုသည်။

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံတွင် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပခြင်းသည် တရုတ်ပြည်သူများ၏ အားပေးထောက်ခံမှုကို ရရှိရုံသာမက နိုင်ငံတကာအသိုက်အဝိုင်း၏ အားပေးမှုကိုလည်း ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုအကြိမ် ဆောင်းရာသီအိုလံပစ်ပွဲကို နိုင်ငံနှင့်ဒေသပေါင်း ၉၀ နီးပါးက အားကစားသမား ၃,၀၀၀ ခန့်ပါဝင်ကြမည်ဖြစ်ရာ အားကစားကဏ္ဍနှင့်ရွှေတံဆိပ်ဆု အများဆုံးထားရှိသော ဆောင်းရာသီအိုလံပစ်ပွဲဖြစ်ရာ ပိုမိုများပြားသည့် အားကစားသမားများ ဤနေရာတွင် သူတို့၏အိမ်မက်များကို အကောင်အထည်ဖော်မည့် အခွင့်အရေးပို၍ပေးထားကြောင်း၊ မိမိတို့အနေဖြင့် အားကစားသမားများကို ဗဟိုပြုကာ အားကစားရုံနေရာထိုင်ခင်းစသည့် ဟာ့ဒ်ဝဲလ်နှင့် ဆော့ဖ်ဝဲလ်အပိုင်းကို အာမခံချက်ရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကာ ဘက်စုံ ပြည့်စုံသော ဝန်ဆောင်မှုပေးနိုင်ရန် ကောင်းမွန်စွာ စီစဉ်ထားကြောင်း၊ မိမိတို့အနေဖြင့် ပြိုင်ပွဲပါဝင်သူနှင့်သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ တရုတ်ပြည်သူများ၏ကျန်းမာရေးလုံခြုံမှု ပေးနိုင်ရန် အပြည့်အဝ ယုံကြည်မှု ရှိပါကြောင်း ပြောကြားခဲ့သည်။

အိုလံပစ်ပွဲကျင်းပရန် လျှောက်ထားချိန်ကလည်း တရုတ်နိုင်ငံ အနေဖြင့် ယခုအကြိမ် အိုလံပစ်ပွဲ ကျင်းပခြင်း၏ အကြီးမားဆုံး ရည်ရွယ်ချက်သည် လူသန်းပေါင်း ၃၀၀ ကျော် ရေခဲနှင်းအားကစားပွဲမှာ ပါဝင်လာအောင် အားပေးခြင်း ဖြစ်သည်ဟု မိမိအနေဖြင့် အဆိုပြုခဲ့ဖူးကြောင်း သမ္မတရှီက အလေးအထားပြောကြားခဲ့သည်။ မဆုတ်မနစ်ကြိုးပမ်းမှုများကြောင့် ယခုအခါ မျှော်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ပေါ်နေပြီးဖြစ်ကြောင်း ၊”ရေခဲနှင်းကမ္ဘာသည်လည်း ရွှေတောင်ငွေတောင်”ပင်ဖြစ်ရာ ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲကျင်းပမှုသည် တရုတ် ရေခဲနှင်းကဏ္ဍ အာကစားနှင့် စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန် အားဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်အားကစားပွဲနှင့် ၂၀၁၄ ခုနှစ် နန်ကျင်းလူငယ်အိုလံပစ်အားကစားပွဲနှင့် ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပွဲများကို မရှေးမနှောင်း ကျင်းပခြင်းက အိုလံပစ်အားကစားအပေါ် တရုတ်ပြည်သူလူထု၏နှစ်ခြိုက်မှု တိုးပွားစေရာ တရုတ်နိုင်ငံ အားကစားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားဖြစ်ရာ ကမ္ဘာတစ်လွှားအိုလံပစ်စိတ်ဓါတ်မြှင့်တင်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဆိုသည်။ အိုလံပစ်အားကစားက အဆိုပြုသည့် “ပိုမို စည်းလုံးညီညွတ်ခြင်း”သည် လက်ရှိခေတ်ကာလတွင် အလိုအပ်ဆုံးအရာဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက လှေသမန်လေး ၁၉၀ ကျော်တွင် ကိုယ်စီရုန်းကန်ကြမည့်အစား သင်္ဘောကြီးတစ်စီးပေါ်တွင် သာယာလှပသည့်အနာဂတ်ကို အတူပိုင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် “တူစုံလက်ညီ အနာဂတ်ဆီသို့”ဟူသော ပေကျင်း ဆောင်းရာသီအိုလံပစ် ဆောင်ပုဒ်ကို အဆိုပြုခြင်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အိုလံပစ်အားကစား၊ လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ကြရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနား အရေးကြီးအခိုက်အတန့်ကို အဆွေတော်နှင့်အတူ မြင်တွေ့ရန် မျှော်လင့်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachကလည်း တရုတ်ပြည်သူများ၏ နှစ်ကူးနွေဦးပွဲတော် ပျော်ရွှင်ပါစေကြောင်းနှင့် ကျားနှစ်တွင် မင်္ဂလာအပေါင်းပြည့်စုံပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းပြု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများနှင့်တရုတ်ပြည်သူများ၏ အတူကြိုးပမ်းဆောင်ရွက်မှုတွင် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော် ကဏ္ဍအသီးသီး ပြင်ဆင်မှုလုပ်ငန်းများက ထူးချွန်ပြောင်မြောက်အဆင်ပြေချောမွေ့မှုများ ရှိရာ အားကစားရုံ၏ခမ်းနားမှု၊ ကပ်ရောဂါကာကွယ်ရေးနည်းလမ်း၏ ပြည့်စုံမှု၊ ရေရှည်လည်ပတ်ရန်အတွေးအမြင် ရှေ့တန်းရောက်မှုများက ချီးကျူးဖွယ်ကောင်းကြောင်း ဆိုသည်။

မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ စွမ်းရည်၊ သန္နိဌာန် နှင့် တက်ကြွမှုများကို ချီးကျူးကြောင်း ၊ အပြည်ပြည်ဆိုင်ရာ အားကစားကော်မတီ၊ နိုင်ငံအသီးသီးက အားကစားသမားများကို တရုတ်နိုင်ငံက ဧည့်ဝတ်ပြုငှာနွေးထွေးစွာ ပြည့်ပြည့်စုံစုံစီစဉ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ၊ အားကောင်းသည့်နည်းလမ်းများကြောင့် ယခုအကြိမ် ဆောင်းရာသီ အိုလံပစ်၏ လုံခြုံအဆင်ပြေချောမွေ့စွာ အောင်အောင်မြင်မြင်ကျင်းပနိုင်သည့် အာမခံချက်ဖြစ်မည်ဟု ယုံကြည်ကြောင်း ၊ ကမ္ဘာတစ်ဝန်းက အားကစားသမားများ ပေကျင်းမှ စုစည်းကာ ကြီးမားသည့်ပွဲကြီးတစ်ခုကို အတူကျင်းပသွားကြရအောင်၊ ထို့အပေါ် မိမိတို့အနေဖြင့် ယုံကြည်ချက် အပြည့်ရှိကြောင်း Thomas Bachပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လူသန်းပေါင်း ၃၀၀ ကျော် ရေခဲနှင်းအားကစားကဏ္ဍတွင် ပါဝင်ကြဖို့ ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ရာ ၎င်းမှာ ယခင်က မရှိခဲ့ဖူးသော ကြီးမားသည့်အောင်မြင်မှုဖြစ်ရာ ယခုဆောင်းရာသီအိုလံပစ်ပွဲက တရုတ်ပြည်သူနှင့်အပြည်ပြည်ဆိုင်ရာ အိုလံပစ်အားကစားအတွက် ကြီးမားသည့်အကျိုးဆောင်ခြင်း ဖြစ်သလို ကမ္ဘာတစ်ဝန်း ရေခဲနှင်းအားကားစား၏ခေတ်သစ်ကို ဖွင့်လှစ်နိုင်ခြင်းလည်း ဖြစ်ကြောင်း ဆိုသည်။

ယခုအခါ နိုင်ငံအချို့က ဆောင်းရာသီအိုလံပစ်သို့ တက်ရောက်ရန် ပထမဆုံးအကြိမ် အုပ်စုလိုက်အဖွဲ့လိုက် စေလွှတ်ခြင်းက ပေကျင်းအိုလံပစ် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် အားပေးထောက်ခံမှု ရရှိကြောင်းကို အပြည့်အဝ ပြသခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းကလည်း အားကစား နိုင်ငံရေးအသွင်ပြောင်းမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

Thomas Bachက ကျားနှစ်တွင် ရဲဝံ့သည့်နှစ်၊ အားအင်ပြည့်ဝသည့်နှစ် ဖြစ်ပါစေကြောင်းနှင့် တရုတ်ပြည်သူများ ကျန်းမာချမ်းသာသည့်နှစ်ဖြစ်ပါစေကြောင်း၊ ပေကျင်း ဆောင်းရာသီအိုလံပစ်သည် ကမ္ဘာက တရုတ်ပြည်သူများကို ပေးအပ်သည့် ကျားနှစ်အကောင်းဆုံးလက်ဆောင်ဖြစ်ကြောင်း၊ ကမ္ဘာကြီး ပိုမို စည်းလုံးညီညွတ်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပြောကြားခဲ့သည်။
ယခုတွေ့ဆုံမှုတွင် တင်းရွှဲရှန်၊ ယန်ကျဲချီ၊ ချိုက်ချီ၊ ဝမ်ရိ တို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)