“ေနအတု”

2022-01-27 18:28:17 |သတင်းအရင်းအမြစ် 新青年 新华社

(၂၀၂၁)ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့ တရုတ်နိုင်ငံ၏ “နေအတု”သည် မြင့်မားသောအပူချိန်ပလာစမာ လည်ပတ်မှု (၁၀၅၆)စက္ကန့် လုပ်ဆောင်နိုင်ခဲ့ရာ မိမိ၏စံချိန်ဖြစ်သည့်(၄၁၁)စက္ကန့်ကို ကျော်လွှားနိုင်ခဲ့သည်။ “နေအတု”ဆိုသည်မှာ ITER စက်ကိရိယာဖြစ်ပါသည်။ ၎င်းသည် ကြီးမားသော နျူကလီးယားဒြပ်ပေါင်းစပ်တုံ့ပြန်မှုကို ထုတ်လုပ်နိုင်သော Superconducting Tokamak တစ်ခု ဖြစ်ပါသည်။

“နေအတု” သည် ယခုလက်ရှိကမ္ဘာပေါ်တွင် အချိုးအစားအကြီးမားဆုံးသော၊ အချိန်အရှည်လျားဆုံးသော၊ ထိရောက်အားအကြီးမားဆုံးသော နိုင်ငံတကာသိပ္ပံစီမံကိန်းအနက်တစ်ခု ဖြစ်ပါသည်။ သက်ဆိုင်ရာ သဘောတူစာချုပ်များအရ အီးယူ၊ တရုတ်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှား စသည့်နိုင်ငံတို့မှာ ပူးပေါင်းရင်းနှီးထောက်ပံ့သော ITER စီမံကိန်းဖြစ်ပါသည်။ နိုင်ငံအသီးသီးမှ အရှေ့အလယ်ပိုင်း၏ ရေနံအတွက် စစ်ပွဲဖြစ်ရန်မလိုအပ်တော့ပါ။ ရေနံ၊ ကျောက်မီးသွေးများ တူးဖော်ခြင်းကြောင့်ဖြစ်ပေါ်လာသော ညစ်ညမ်းမှုမရှိလာသည့်အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဖန်လုံအိမ်အာနိသင်ဖြစ်ခြင်း၊ အန္တာတိတ်ရေခဲမျက်နှာပြင်သိမ်ငယ်ခြင်း၊ ပင်လယ်ကမ်းရိုးတန်း တိုးမြှင့်လာခြင်း စသည့်လူသားအပေါ်ဖြစ်စေသည့် ပြဿနာများပျောက်ကင်းသွားမည်ဖြစ်ပါသည်။ ၎င်းသည် လူသားများအတွက် နေမှ ကျွန်တော်တို့ကိုပေးသော အဆက်မပြတ် သန့်စင်သောစွမ်းအင်ကို သယ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။ ဒါကတော့ အဝေးမှာ ရှိနေသေးသည့် စီမံကိန်းဖြစ်ပါသည်။