တရုတ်ပြက္ခဒိန်အရ ကျားနှစ်နှစ်သစ်ကူးနွေဦးပွဲတော် နီးကပ်လာပြီဖြစ်သော်လည်း ယခုရက်ပိုင်း ရေပန်းစားလျက်ရှိနေသည်မှာ ကျားသစ်ဖြစ်နေ

2022-01-27 18:30:36 |သတင်းအရင်းအမြစ် 央视网

မကြာမီရက်ပိုင်းတွင် တရုတ်ပြက္ခဒိန်အရ ကျားနှစ်နှစ်သစ်ကူးနွေဦးပွဲတော် ရောက်တော့မည်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းတွင် နှစ်သစ်ကိုယ်စားပြုသော တိရစ္ဆာန်သည် အဆိုပါနှစ်သစ်ကူးရက်များတွင် ရေပန်းစားသော်လည်း ယခုနှစ်တွင်မူ ကျား အစား ကျားသစ်သည် ရေပန်းစားလျက်ရှိနေသည်ကို တွေ့ရသည်။

အဘယ်ကြောင့် ထိုသို့ ဖြစ်နေရသနည်း။ ယခုရက်ပိုင်းတွင် လူမှုကွန်ရက်တွင် “ပိုက်ဆံရွှေကျားသစ် money puma” (လူမှုကွန်ရက်တွင် ထိုသို့ခေါ်ဝေါ်သည်။ မူရင်းသည် Panthera pardus ကျားသစ် ဖြစ်သည်) ခေတ်စားနေသည်။ “ပိုက်ဆံရွှေကျားသစ် money puma” ခေတ်စားနေရခြင်းမှာ တရုတ်အသံထွက်ဖြင့် 金钱豹(Panthera pardus) သည် “金钱抱”(ရွှေပိုက်ဆံအိတ်ကို ပွေ့ဖက်ခြင်း)နှင့်တူညီပြီး နှစ်သစ်တွင် ဥစ္စာဓနပေါကြွယ်ဝခြင်းဟူသော မင်္ဂလာအဓိပ္ပာယ်ကို ဆောင်သည်ဟု ယူဆကြခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် လူမှုကွန်ရက်တွင် မိမိ၏ ဓာတ်ပုံအဖြစ် အသုံးပြုနေပြီး ၎င်းအတွက်လည်း အင်္ကျီသစ် ဝတ်ပေးကြသည်။

ယခုအကြိမ်လူမှုကွန်ရက်တွင် ရေပန်းစားနေသည့် “ပိုက်ဆံရွှေကျားသစ် money puma”သည် သာမန် Panthera pardus ကျားသစ်မဟုတ်ပေ။ ၎င်းသည် တရုတ်နာမည်ကျော်ဇာတ်လမ်း “က္ကန္ဒိယခရီး (အနောက်သို့ ခရီးသွားခြင်း)”ဇာတ်လမ်းတွဲမှ ဇာတ်ကောင်တစ်ဦးဖြစ်သည်။ သူသည် လက်နက်မရှိသကဲ့သို့ မှော်အတတ်စွမ်းရည်လည်းမရှိပေ။ သူသည် ဆရာတော်ကြီးရွှင်ကျန်းကို ဖမ်းယူပြီးနောက် စွန်းဝူခုန်းသည် အိပ်စေပိုးကောင်ဖြင့် အိပ်မောစေခဲ့ပြီး နောက်ဆုံးတွင် ပါဂျဲ၏ အသတ်ခံခဲ့ရသည်။

“ပိုက်ဆံရွှေကျားသစ် money puma”သည် “က္ကန္ဒိယခရီး(အနောက်သို့ ခရီးသွားခြင်း)”ဇာတ်လမ်းတွင် ကံသိပ်မကောင်းသောကြောင့် သေဆုံးခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် Cele-ဆယ်လီတစ်ဦးဖြစ်လာပြီး ဥစ္စဓန ပေါကြွယ်စေသော တာဝန်ကြီးကို ထမ်းဆောင်နေသည်။ ၎င်းကို သူ့အတွက် လုံးဝထင်မှတ်ထားလိမ့်မည် မထင်ပေ။

ယခုသတင်းဆောင်းပါးဖတ်ရှုနေသော မြန်မာအဆွေများ၊ ပရိသတ်များ နှစ်သစ်တွင် “ပိုက်ဆံရွှေကျားသစ် money puma” ဖြစ်ပါစေ။ ရွှေငွေပေါကြွယ်ဝပြီး ဥစ္စာဓနပြည့်စုံစေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။