တရုတ်နိုင်ငံက NATO အား ခေတ်မမီတော့သည့် စစ်အေးခေတ်အမူအကျင့်ကို စွန့်လွှတ်ရန် တိုက်တွန်း

2022-01-28 10:00:16 |သတင်းအရင်းအမြစ် 新华网

ကမ္ဘာ့အကြီးဆုံး စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်သည့် NATO သည် ခေတ်မမီတော့သည့် စစ်အေးခတ် အမူအကျင့် နှင့် ဘက်လိုက်ခြင်းအတွေးအခေါ်ကို စွန့်လွှတ်သင့်ကြောင်း နှင့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အထောက်အကူပြုသည့် အရာများအား လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ၏ ရုရှားနိုင်ငံက အဆိုပြုထားသည့် အရှေ့ဥရောပဖက်သို့ ထပ်မံ၍ NATO ၏ တိုးချဲ့ခြင်းအပေါ် ကန့်သတ်ချက်သည် အောင်မြင်စရာလမ်းမရှိသည့် ကိစ္စဖြစ်ကြောင်း နှင့် အမေရိကန်နိုင်ငံအနေဖြင့် NATO ၏ တံခါးဖွင့်မူဝါဒကို ပိတ်ပင်သည့် မည်သူကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားချက်အပေါ် မှတ်ချက်ပြုရန် မေးမြန်းရာတွင် ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက NATO သည် စစ်အေးခေတ်အကြွင်းအကျန်ဖြစ်ပြီး ၎င်း၏ တိုးချဲ့မှုသည် လုပ်နေကြ အုပ်စုဖွဲ့နိုင်ငံရေးဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အုပ်စုငယ် ဖွဲ့ခြင်းအားလုံးကို အခိုင်အမာ ဆန့်ကျင်ပြီး ကုန်သွယ်ဖက်များအား ဆိုးရွားစွာ ထိခိုက်စေသည့် အိမ်နီးချင်းအား စီးပွားရေးပြဿနာဖန်တီးခြင်းဖြင့် ချည်းကပ်မှုပုံစံ နှင့် ပထဝီနိုင်ငံရေး ပဋိပက္ခ လှုံဆော်ရန် ကြိုးပမ်းမှုများအား ပယ်ချကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် အများနှင့်ဆိုင်သော ၊ ပြည့်စုံကျယ်ပြန့်သော ၊ ပါဝင်ပူးပေါင်းဆောင်ရွက်သော ၊ ရေရှည်တည်တံ့သောလုံခြုံမှုအာမခံချက် နှင့် ပတ်သက်၍ အယူအဆသစ်တစ်ခုအား ရပ်တည်ကာကွယ်သူ ဖြစ်ကြောင်း နှင့် နိုင်ငံများ နှင့် ၎င်းတို့၏ ပြည်သူများအားလုံးသည် ယုံကြည်မှုအပြည့်အဝရှိပြီး တည်ငြိမ်သော လုံခြုံမှုအာမခံချက်ကို အကျိုးခံစားသင့်ကာ အမျိုးမျိုးသော ပြသနာများ နှင့် စိန်ခေါ်မှုများအားလုံးကို ပူးပေါင်းတွန်းလှန်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သက်ဆိုင်ရာဘက်ပေါင်းစုံက ပဋိပက္ခ နှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားပြီး တစ်ဖက်နှင့်တက်ဖက် တရားဝင် လုံခြုံမှုအာမခံချက် စိုးရိမ်ပူပန်မှုတွေကို အပြည့်အဝ ထည့်သွင်းစဉ်းစားနိုင်မည်ဟု ယုံကြည်ကြောင်း နှင့် အပြန်အလှန် လေးစားမှုကို အခြေခံပြီး တန်းတူရည်တူ ညှိနှိုင်းတိုင်ပင်မှုမှတစ်ဆင့် ကွဲလွဲမှု နှင့် အငြင်းပွားမှုများကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)