တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

2022-01-28 09:59:28 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Antony Blinken၏ဖိတ်ကြားချက်ကိုလက်ခံကာ ဇန်နဝါရီ ၂၇ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက လက်ရှိ တရုတ်-အမေရိကန် နှစ်ဖက်စလုံး၏ အရေးကြီးဆုံးလုပ်ငန်းမှာ သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန်၏ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ဗွီဒီယိုတွေ့ဆုံဆွေးနွေးမှုတွင် ရရှိသော သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတရှီသည် တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်-အမေရိကန် ရာစုနှစ်ဝက်ကျော် ဆက်ဆံရေး၏အတွေ့အကြုံ သင်ခန်းစာများကို အနှစ်ချုပ်သုံးသပ်ခဲ့ရာ အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေး မူ ၃ ရပ်ကို အတိအလင်း အဆိုပြုခဲ့ရာ သမ္မတ ဘိုင်ဒန်၏ အပြုသဘောတုန့်ပြန်မှုကို ရရှိခဲ့ပါကြောင်း၊ သမ္မတဘိုင်ဒန်က အမေရိကန်အနေဖြင့် “စစ်အေးတိုက်ပွဲ”ကို ရှာဖွေမည်မဟုတ်သလို တရုတ်နိုင်ငံ၏စနစ်ကိုပြောင်းလဲရန်၊ မဟာမိတ်ဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် တရုတ်ကို ဆန့်ကျင်ရန် ကြိုးပမ်းမည်မဟုတ်ကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး”ကို အားပေးမည်မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့ရာ ပြင်ပသို့ ယခင်အစိုးရနှင့်မတူသော အပြုသဘောသတင်းစကားများလွှင့်နိုင်ခဲ့ပါကြောင်း ဆိုသည်။

သို့သော်အများ မြင်တွေ့ရသည်မှာ အမေရိကန်၏ တရုတ်နိုင်ငံအပေါ် မူဝါဒ အခြေခံအားဖြင့် လက်တွေ့ပြောင်းလဲမှုမရှိခဲ့သလို သမ္မတ ဘိုင်ဒန် ဖော်ပြခဲ့သည့် သဘောထားကို အမှန်တကယ် လက်တွေ့ဖော်ဆောင်ခြင်းမရှိကြောင်း ၊ တရုတ်နိုင်ငံနှင့်ပတ်သတ်၍ မှားယွင်းသော ပြောဆိုဆောင်ရွက်မှုများကို အမေရိကန်ဘက်မှ အဆက်မပြတ်ပြုလုပ်နေခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ရိုက်ခတ်မှုအသစ် ဖြစ်စေကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုနှစ်သည် “ရှန်ဟိုင်း ကြေညာချက်”ထုတ်ပြန်သည့် နှစ် ၅၀ ပြည့်အချိန်အခါဖြစ်ပါကြောင်း ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံစလုံးက တစ်ဖက်နိုင်ငံအား ပြုပြင်ပြောင်းလဲလိုစိတ်မရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်တည်မှု၏အခြေခံဖြစ်ရာ တရုတ်-အမေရိကန် အနာဂတ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၏ အာမခံမှုလည်း ဖြစ်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကပ်ရောဂါအလွန်ကာလ ကမ္ဘာတွင် စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်ရမည်ဖြစ်‌သော်လည်း နိုင်ငံကြီးယှဉ်ပြိုင်မှုသည် ကမ္ဘာ၏အဓိကကဏ္ဍမဟုတ်သလို အမေရိကန်နှင့်နိုင်ငံအသီးသီး ကြုံတွေ့နေရသည့် ပြဿနာများကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ကမ္ဘာ့ရှေ့တန်း စီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများအနေဖြင့် တရုတ်နှင့်အမေရိကန်သည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားကို အရင်းခံပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်သည့်အခြေအနေကို အလျဉ်းသင့်လိုက်လျောညီထွေနေထိုင်ကာ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ဦးတည်ချက်လားရာကို ချိန်ညှိခြင်း၊ ကတိကဝတ်များကို လက်တွေ့ကျကျဖော်ဆောင်ခြင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အပြုသဘောကဏ္ဍကို ချဲ့ထွင်ခြင်း၊ ကွဲလွဲမှုများကို အပြုသဘောဆောင် ထိန်းသိမ်းစီမံခြင်းများ မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆိုသည်။

ဖိအားပေးခြင်းက တရုတ်ပြည်သူများ ပို၍ သွေးစည်းညီညွတ်ဖို့သာရှိပြီး တရုတ်နိုင်ငံ၏အင်အားကြီးမားမှုကို တားဆီး၍မရကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ လက်ရှိ အရေးကြီးဆုံးမှာ အမေရိကန်၏ ပေကျင်း ဆောင်းရာသီအိုလံပစ်ကို စွက်ဖက်နေခြင်း၊ ထိုင်ဝမ်အရေးတွင် မီးနှင့်ကစားနေခြင်း၊ တရုတ်ဆန့်ကျင်ရေးတားဆီးရေး “အသိုက်အဝန်းငယ်”အမျိုးမျိုးတည်ဆောက်နေခြင်းကို ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အမြဲဆက်သွယ်ဆွေးနွေးမှုသည် အထူးအရေးကြီးကြောင်း၊ သမ္မတ ဘိုင်ဒန်၏ နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံဆွေးနွေးမှု၌ ပြောကြားသည့် ရပ်တည်ချက်က ပြောင်းလဲမှုမရှိကြောင်း အလေးထားပြောကြားခဲ့သည်။

အမေရိကန်နှင့်တရုတ်သည် အကျိုးစီးပွား ယှက်နွယ်မှုများရှိသလို ကွဲလွဲမှုများလည်းရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိစွာဖြင့် ကွဲလွဲမှုများကို ထိန်းသိမ်းစီမံဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၊ အမေရိကန်၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် ပြောင်းလဲမှုမရှိကြောင်း၊ အမေရိကန်အားကစားသမားများကို ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတွင် ပါဝင်ဆင်နွှဲဖို့ စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်ပြည်သူများ နှစ်သစ် နွေဦးပွဲတော်တွင် ပျော်ရွှင်ပါစေကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သတ်၍ အမေရိကန်၏ ရပ်တည်ချက်ကို Antony Blinkenက ပြောကြားခဲ့သည်။

ဝမ်ရိက ယူကရိန်းအရေးဖြေရှင်းမှုတွင် မူလရှိနေသည့် မင့်စ်ခ်သဘောတူညီချက်သစ်ကိုပင် ပြန်သွားသင့်ပါကြောင်း ပြောကြားခဲ့သည်။ မင့်စ်ခ်သဘောတူညီချက်သစ်ကို လုံခြုံရေးကောင်စီက စိစစ်အတည်ပြုပြီးဖြစ်ရာ ဘက်ပေါင်းစုံ အသိအမှတ်ပြုသည့် အခြေခံနိုင်ငံရေးစာရွက်စာတမ်းဖြစ်ခြင်းကြောင့် လက်တွေ့ကျင့်သုံးဆောင်ရွက်သင့်ကြောင်း ၊ ယင်းသဘောတူညီချက်၏ ဦးတည်ချက်၊စိတ်ဓါတ်နှင့်ကိုက်ညီသည့် ကြိုးပမ်းမှုသာဖြစ်လျှင် တရုတ်နိုင်ငံက အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ၊တစ်ချိန်တည်းမှာပင် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံ တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း နေကြရန်၊ အခြေအနေပို၍တင်းမာဖြစ်အောင် နှိုးဆွခြင်း၊ အကျပ်အတည်းကို အရောင်ဆိုး သတင်းဖြန့်ခြင်းမလုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ဆိုသည်။

တစ်နိုင်ငံ၏လုံခြုံရေးအတွက် အခြားနိုင်ငံလုံခြုံရေးကို စတေးခြင်း ပြု၍မရကြောင်း ၊ ဒေသလုံခြုံရေးသည် စစ်အင်အားအစုအဖွဲ့ ချဲ့ထွင်၊မြှင့်တင်ခြင်းဖြင့် အာမခံ၍ ပိုမရနိုင်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ ၂၁ ရာစု ယနေ့အခါ ဘက်ပေါင်းစုံက စစ်အေးခေတ်အတွေးအခေါ်ကို လုံးဝစွန့်လွှတ်သင့်ရာ တွေ့ဆုံဆွေးနွေးမှုဖြင့် ဟန်ချက်ညီအောင်၊ စဉ်ဆက်မပြတ်ထိရောက်သော ဥရောပလုံခြုံရေးယန္တရားကို ဖော်ဆောင်ကြရမည်ဖြစ်ရာ ရုရှား၏ သင့်လျော်မှုရှိသော လုံခြုံရေးဆိုင်ရာ အလေးထားမှုများကို အလေးထားဖြေရှင်းမှုရှိသင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)