အရောက်လှမ်းချီ ယွီရှီးဆီ။ ။ ကမ္ဘာ့အဆင့်မီ “ အစိမ်းရောင်အစားအစာအမှတ်တံဆိပ် ” တည်ဆောက်ရန် ကြိုးပမ်း

2022-01-28 11:11:05 |သတင်းအရင်းအမြစ် 新华网

ယခုနှစ်ပိုင်းတွင် ယွီရှီးမြို့မှာ ထူးခြားသောဝိသေသလက္ခဏာရှိ သော၊ ကောင်းမွန်သည့်ဖွဲ့စည်း တည်ဆောက်ပုံ ရှိသော၊ အစိမ်းရောင်အား ကောင်းသော၊ လုံခြုံစိတ်ချရသော အစိမ်းရောင်စားသောက်ကုန်လုပ်ငန်းပုံစံကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယွီရှီးမြို့ Maoduoli မန်ကျည်းပင်စိုက်ပျိုးရေး အခြေစိုက်စခန်းသည် ကမ္ဘာ့အကြီးဆုံး လူသားစိုက်ပျိုးသော မန်ကျည်းသစ်တောဖြစ် သည်။ အုပ်စုအဖွဲ့မှာ ဂေဟအရင်းအမြစ် ထိန်းသိမ်းရေးနှင့် ဓာတုပစ္စည်း မထည့်ရေးကို ဆောင်ပုဒ် အဖြစ်ထားပြီး ယူနန်ပြည်နယ်တွင် သယံဇာတ ပေါများကြွယ်ဝသော မန်ကျည်း၊ ပင်မှည့်၊ သံလွင်သီး၊ စွမ်းတောရီသီးစသည့်တောရိုင်းနှင့် တောရိုင်းတစ်ပိုင်း အသီးများကို ပြန်လည်အသုံးချကာ နှစ်စဉ်နှစ်တိုင်း တန်ချိန်(၂)သောင်းအထက် ထုတ်လုပ်သည်ဟု Maoduoli အုပ်စုအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ဆုန့်ကျီပေါက ပြောကြား သွားပါသည်။

“အစိမ်းရောင်ကျန်းမာရေးဖြင့် ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝ သို့” ဟူသောရည်မှန်းချက်အတိုင်း များစွာသော လယ်ယာထွက်ကုန် ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများသည် ယွီရှီးမြို့တွင် ဖွံ့ဖြိုးတိုးတက်နိုင်ခဲ့ပါသည်။ ယခုအချိန်မှာ ယွီရှီးမြို့၏ အစိမ်းရောင်စားသောက်ကုန် လုပ်ငန်း နှစ်စဉ် ရောင်းရငွေ ယွမ် (၁)သန်းအထက်ရှိသော လုပ်ငန်း အဖွဲ့များမှာ (၁၂၀)ခု ရှိပြီ ဖြစ်သည်။ ထို့ပြင် ယွီရှီးမြို့မှာလည်း အမှတ် တံဆိပ်ဖြင့် ရောင်းအား မြှင့်တင်ရေးဗျူဟာ ကျင့်သုံးကာ“ Dong Lv” ကော်ပီပန်းပွင့်၊ “ Song Wei ” သစ်သီးဝလံ၊ “ Cong Shan ”မှို စည်သွတ်ဘူး၊ “Plateau Green State”ဟင်းသီးဟင်းရွက် စသည့် ကုန်အမှတ်တံဆိပ်များ တည်ထောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာဈေးကွက် တွင်လည်း အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။

ယွီရှီးမြို့သည် ယူနန်ပြည်နယ်အတွင်းရှိ ပြည်တွင်းကုန်သွယ်ရေး နှင့် ပြည်ပကုန်သွယ်ရေးဆိုင်ရာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စုပေါင်းဖြန့်ဖြူးရောင်းချရေးနေရာအဖြစ် တဖြည်းဖြည်း တိုးတက်လာပါသည်။

စာ ။ ။ ယွီရှီးမြို့ပါတီကော်မတီပြန်ကြားရေးဌာန
玉溪市委宣传部供稿