ဆူနာမီဒဏ်ခံခဲ့ရသော တွန်ဂါနိုင်ငံသို့ တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးအကူအညီများ ရောက်ရှိလာ

2022-01-28 16:36:34 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သော ယွမ် ၁ သန်း (အမေရိကန်ဒေါ်လာ ၁၅၇,၉၀၀) တန်ဖိုးရှိသည့် သဘာဝဘေးအန္တရာယ်သက်သာလျော့ပါးရေး အကူအညီများ ဇန်နဝါရီ ၂၇ ရက်က တွန်ဂါနိုင်ငံ မြို့တော် Nuku’alofa သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

စူဗားမြို့အခြေစိုက် တရုတ်နိုင်ငံ ငါးဖမ်းလုပ်ငန်း (အုပ်စု) ကော်ပိုရေးရှင်း (CNFC) ကိုယ်စားလှယ် Cao Yongjun က CNFC ၏ ငါးဖမ်းလှေနှစ်စင်းက လက်ရှိတွင် အရေးပေါ်ထောက်ပံ့ပစ္စည်းများ သယ်ဆောင်လျက် Nuku’alofa မြို့ရှိ Vuna ဆိပ်ခံတံတား၌ ကုန်ပစ္စည်းများချလျက်ရှိကြောင်း ပြောကြားခဲ့သည်။

လူဦးရေ ၁၀၀,၀၀၀ ကျော်ရှိပြီး COVID-19 ကင်းစင်သော တွန်ဂါနိုင်ငံသည် ယခုအခါ နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်သော COVID-19 ရောဂါအား ကာကွယ်ရန် အလွန်တင်းကြပ်သောဆောင်ရွက်ချက်များ ဆောင်ရွက်ထားကြောင်း၊ Nuku’alofa သို့ ဝင်ရောက်လာမည့် သင်္ဘောများအားလုံးအနေဖြင့် အကူအညီများနှင့် လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ပစ္စည်းများ ကုန်ချရာတွင် ထိတွေ့မှုမရှိဘဲသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ ဖြည့်စွက်ဖော်ပြထားသည်။

COVID-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကြောင့် တွန်ဂါနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၇ ရက်က Vuna ဆိပ်ခံတံတား အပြင်ဘက်တွင် စောင့်ဆိုင်းခဲ့ရကြီး တရုတ်သင်္ဘောနှစ်စင်းမှ သင်္ဘောသားများနှင့် တွေ့ဆုံနိုင်မည်မဟုတ်ကြောင်း သိရသည်။

တွန်ဂါနိုင်ငံ မြို့တော်မှ မြောက်ဘက် ၆၅ ကီလိုမီတာခန့်အကွာ၌ မကြာသေးမီက Hunga Tonga-Hunga Ha’apai မီးတောင် ပေါက်ကွဲခြင်းနှင့် ဆူနာမီဖြစ်ပွားခြင်းကြောင့် ပြင်းထန်စွာ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော တွန်ဂါနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ သင်္ဘောများမှ ကုန်များချရာတွင် ညှိနှိုင်းဆောင်ရွက်ချက်ရှိကြောင်း သိရသည်။

တရုတ်သင်္ဘောနှစ်စင်းသည် ဖီဂျီနိုင်ငံ စူးဗားမြို့တော်မှ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက ရွက်လွှင့်လာခဲ့ခြင်း ဖြစ်သည်။ သောက်ရေ၊ အစားအစာ၊ မီးစက်များ၊ ရေမော်တာများ၊ လွှစက်များ၊ တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းကိရိယာနှင့် ဆေးဘက်ဆိုင်ရာထောက်ပံ့ပစ္စည်းများ အဓိကပါဝင်သည့် ကူညီထောက်ပံ့သောပစ္စည်းအများစုအား ဖီဂျီနိုင်ငံရှိ တရုတ်နိုင်ငံ သံရုံးမှ ပေးလှူခြင်းဖြစ်ပြီး ကျန်ရှိသည်များကို ဖီဂျီနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများက လှူဒါန်းခဲ့ခြင်းဖြစ်သည်။ (Xinhua)