တရုတ်ချန်ရှားအကောက်ခွန်ဌာနသည် ပြည်ပမှဝင်ရောက်လာသော ချောထုပ်များမှ စပါးပင် အထွက်နှုံးလျော့ကျစေနိုင်သော ရောဂါပိုး စစ်ဆေးတွေ့ရှိ

2022-01-29 18:40:52 |သတင်းအရင်းအမြစ် 人民网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ချန်ရှားမြို့ စာတိုက်အကောက်ခွန်ဌာနသည် ပြည်ပမှဝင်ရောက်လာသော ချောထုပ်များမှ စပါးပင်အား ပိုးမွှားများစွဲကပ်စေသော ရောဂါပိုး Pyricularia grisea ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။

Pyricularia grisea ပိုးသည် ဆန်စပါးပင်များအား ပိုးမွှားများစွဲကပ်စေပြီး သီးထွက်နှုန်းများစွာလျော့ကျစေရာ ဆန်စပါးအတွက် အဓိကခြိမ်းချောက်အန္တရာယ်တစ်ခုဖြစ်နေပါသည်။