တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလယ်ပိုင်းစစ်ဆင်ရေးနယ်မြေ သို့သွားရောက်စစ်ဆေးကြည့်ရှု

2022-01-29 18:45:25 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံရိုးရာပွဲတော် နွေဦးပွဲတော် အကြိုအခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ တရုတ်နိုင်ငံ သမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အလယ်ပိုင်းစစ်ဆင်ရေးနယ်မြေ (Central Theater Command) သို့ ဇန်နဝါရီ ၂၈ ရက်တွင် သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား တရုတ်ပြည့်သူလွတ်မြောက်ရေးတပ်မတော် တပ်မှူး၊ ရဲတပ်ဖွဲ့မှစစ်သည်များ၊ စစ်ဘက်ဆိုင်ရာ အရပ်သားဝန်ထမ်းများ၊ ပြည်သူ့စစ် အရန်တပ်ဖွဲ့တို့အား နှစ်သစ်ဆုမွန်ကောင်းဆန္ဒပြုလျက် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)