တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ်ပေါင်း ၅၀,၀၀၀ ကျော်ပြေးဆွဲပြီးဖြစ်

2022-01-30 10:50:46 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးမြို့မှ ကုန်တင်ရထားတစ်စင်းသည် ဂျာမနီနိုင်ငံ Nuremberg မြို့သို့ ထွက်ခွာရန် ဇန်နဝါရီ ၂၉ ရက်က ထွက်ခွာသွားပြီဖြစ်သဖြင့် တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ် အရေအတွက်မှာ ၅၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်အရ သိရသည်။

ကုန်စည်ဝန်ဆောင်မှုမှ တင်ပို့ခဲ့သော ကုန်စည်တန်ဖိုးမှာ ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၈ ဘီလီယံရှိရာမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄.၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ပမာဏအားဖြင့် ၉ ဆကျော် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

ခြောက်နှစ်တာကာလအတွင်း ရထားလမ်းကြောင်းများအားလုံး “တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု” အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ရထားဝန်ဆောင်မှုအရေအတွက်မှာ နှစ်စဉ်ပျမ်းမျှ ၅၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

လမ်းကြောင်း ၇၈ ခု စီစဉ်ထားခြင်းနှင့်အတူ အဆိုပါ ဝန်ဆောင်မှုသည် လက်ရှိတွင် ဥရောပနိုင်ငံ ၂၃ နိုင်ငံရှိ မြို့ပေါင်း ၁၈၀ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အိုင်တီထုတ်ကုန်များ၊ မော်တော်ကားနှင့် အပိုပစ္စည်းများ၊ ဓာတုဗေဒ၊ စက်မှုနှင့် လျှပ်စစ်ထုတ်ကုန်များ အပါအဝင် ကုန်စည်အမျိုအးစား ၅၀,၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း ကုမ္ပဏီက ဆိုသည်။

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုအား ၂၀၁၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ယူရေးရှားတိုက်တစ်ခွင် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ချိတ်ဆက်မှုအဖြစ် ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)