တရုတ်နိုင်ငံ ခေါင်းဆောင်များက စစ်မှုထမ်းဟောင်း ရဲဘော်ရဲဘက်များအား နွေဦးပွဲတော်နှုတ်ခွန်းဆက်စကားပြောကြား

2022-01-30 10:52:39 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် နှင့် အခြားသော ခေါင်းဆောင်များသည် နွေဦးပွဲတော် သို့မဟုတ် တရုတ်နှစ်သစ်ကူးအား ကြိုဆိုသောအားဖြင့် စစ်မှုထမ်းဟောင်း ရဲဘော်ရဲဘက်များထံ တယ်လီဖုန်း သို့မဟုတ် အခြားသော နည်းလမ်းများမှတစ်ဆင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီ နှင့် အခြားခေါင်းဆောင်များသည် စစ်မှုထမ်းဟောင်းများအား ပျော်ရွှင်ဖွယ်ရာ နွေဦးပွဲတော်ဖြစ်ပါစေကြောင်း၊ ကျန်းမာချမ်းသာ၍ အသက်ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)