တရုတ်ရှီးအန်း၏ တက္ကသိုလ်ကျောင်းသူကျောင်းသားအချို့သည် ဇာတိမပြန်ဘဲ ကျောင်းတွင်သာ နှစ်သစ်ကူးနွေဦးပွဲကို ထောပနာပြု

2022-01-30 16:34:09 |သတင်းအရင်းအမြစ် 新华网

နှစ်သစ်ကူးနွေဦးပွဲတော်သည် တရုတ်ပြည်သူပြည်သားများအတွက် အဓိကကျသော ပွဲတော်တစ်ခုဖြစ်ပြီး ဓလေ့အရ နွေဦးပွဲအကြိုကာလတွင် ဇာတိပြန်ကာ မိသားစုနှင့်အတူ သိုက်သိုက်ဝန်းဝန်း နေထိုင်ဖြတ်သန်း လေ့ရှိသည်။ သို့ရာတွင် ယခုကာလတွင် ရှီးအန်းမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိသောကြောင့် ရှီးအန်း Jiao Tong တက္ကသိုလ်၏ ကျောင်းသူကျောင်းသား ၄၀၀၀ ခန့်သည် ကျောင်းဝင်း၌သာ နေထိုင်ပြီး နွေဦးပွဲကို ထောပနာပြု ဖြတ်သန်းကြရမည်ဖြစ်သည်။

ကျောင်းတွင်ရှိနေသည့် ကျောင်းသူကျောင်းသားများအတွက် အာမခံနှင့် စောင့်ရှောက်မှု ဝန်ဆောင်မှုပေးရန် ကျောင်းဆရာနှင့် ဝန်ထမ်းအချို့သည်လည်း ကျောင်းတွင် အတူရှိနေကြမည် ဖြစ်သည်။ ကျောင်းစားသောက်ဆိုင်၊ စမ်းသပ်ခန်း၊ စာကြည့်တိုက်၊ အားကစားကွင်းနှင့် ကျောင်းဆေးရုံ များသည် ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး ကျောင်းဝင်းအတွင်း ကျောင်းသူကျောင်းသားများအတွက် နွေးထွေးသော နွေဦးပွဲတစ်ခုကို ဖြတ်သန်းခံစားရန် လက်ဆောင်အထုပ်များ ပေးခဲ့ကြောင်း သိရပါသည်။


(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)