ယူနန်ကူမင်းတွင် နှစ်သစ်ကူးနွေဦးပွဲအကြိုကာလ၌ လတ်ဆတ်ပန်းများရောင်းချရန် ဆွတ်ခူးခြင်းဖြင့် စည်ကားလျက်ရှိ

2022-01-30 16:35:56 |သတင်းအရင်းအမြစ် 人民日报、新华网

နှစ်သစ်ကူးနွေဦးပွဲနီးကပ်လာသည်နှင့်အမျှ လူအများစုသည် လတ်ဆတ်သောပန်းများကို အိမ် အလှ ဆင်ရန် မရှိမဖြစ် ရွေးချယ်ဝယ်ယူလာကြသည်။ ယခုရက်ပိုင်းတွင် ကူမင်းမြို့ ကျင့်နင်ရပ်ကွက် ပန်းစိုက်ပျိုးရေးကုမ္ပဏီ၏ သစ်ပင်စိုက်ပျိုးရေးဖန်လုံအိမ်တွင် ပန်းများ ဝေဆာစွာ ဖူးပွင့်နေပြီး ပန်းစိုက်တောင်သူများသည် ပန်းဆွတ်ခူးခြင်းဖြင့် အလုပ်များနေကြသည်။ “နွေဦးပွဲအကြိုကာလမှာ ရောင်းကောင်းတယ်။ စျေးကောင်းလည်းရတယ်”ဟု ပန်းစိုက်တောင်သူများကပြောသည်။