တရုတ်ထိုက်ယွမ်မြို့တွင် ခေါက်ဆွဲဆိုင်ဖွင့်လှစ်ထားသော ဇနီးမောင်နှံသည် အနီးဝန်းကျင်မှ သန့်ရှင်းရေးဝန်ထမ်းများအတွက် ၁၀ နှစ်ဆက်တိုက် ခေါက်ဆွဲအခမဲ့ဖိတ်ကျွေးခဲ့

2022-01-30 16:38:13 |သတင်းအရင်းအမြစ် 人民日报、新华网

တရုတ်နိုင်ငံစန်းရှီးပြည်နယ်ထိုက်ယွမ်မြို့တွင် ခေါက်ဆွဲဆိုင်ဖွင့်လှစ်ခြင်းဖြင့် စီးပွားရှာနေသော ဇနီးမောင်နှံဖြစ်သူ Yao Xiaorui နှင့် Wang Linzhen သည် ၁၀ နှစ်ကျော်ကြာ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ပင်ပင်ပန်းပန်း ကြိုးစားဖွင့်လှစ်ခဲ့သည်။ ခေါက်ဆွဲဆိုင်လည်ပတ်ခြင်းက မလွယ်ကူသကဲ့သို့ တံခါးအပြင်ဘက်တွင် လေတိုက်ဒဏ်၊ နေပူဒဏ်ခံပြီး အလုပ်လုပ်နေသော သန့်ရှင်းရေးဝန်ထမ်းများကို မြင်ရသည်တွင် အလားတူခံစားခဲ့ရသည်။ သန့်ရှင်းရေးဝန်ထမ်းများသည် ဆိုင်အား အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် မိုးရွာချိန်တွင် ခေါက်ဆွဲဆိုင်သို့ မဝင်ဘဲ တံစက်မြိတ်အောက်၌သာ မိုးခိုခဲ့ကြသည်။

Yao Xiaorui နှင့် Wang Linzhen ဇနီးမောင်နှံသည် မိသားစုနှင့်ဆွေးနွေးပြီးနောက် သန့်ရှင်းရေးဝန်ထမ်း များအား ခေါက်ဆွဲဆိုင်သို့ ဖိတ်ခေါပြီး ခေါက်ဆွဲနှင့်ကြက်ဥ ကျွေးရန် စီစဉ်ခဲ့သည်။ သူတို့၏ဆိုင်သည် သန့်ရှင်းရေးဝန်ထမ်း ၇ ဦး၏ မေတ္တာသံယောဇဥ်စားသောက်ခန်းဖြစ်လာသည်။ လွန်ခဲ့သော ၅ နှစ်ကျော် အတွင်း သန့်ရှင်းရေးဝန်ထမ်းများအတွက် ခေါက်ဆွဲပန်းကန် ၂ သောင်းကျော်ကို ဖိတ်ကျွေးခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်သည် တရုတ်ငွေယွမ် ၁ သိန်း(မြန်မာငွေ သန်း ၃၀ နှင့်ညီမျှသည်) ရှိသည်။ အနာဂတ်တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အသက်ကြီး၍ အနားယူချိန်တွင်လည်း သားဖြစ်သူအား အဆိုပါကောင်းမှုအား ဆက်လက်ဆောင်ရွက်ခိုင်းမည်ဟု ခေါက်ဆွဲဆိုင်ပိုင်ရှင် Yao Xiaorui က ပြောသည်။