နွေဦးပွဲတော်အားလပ်ရက်အတွင်း ရှန်ဟိုင်းတွင် ခရီးသွားဝင်ငွေ ယွမ် ၁၇.၇၂၁ ဘီလီယံ ရရှိခဲ့

2022-02-07 17:40:35 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားဌာန ၏ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ တရုတ်ကျားနှစ် နွေဦးပွဲတော်အားလပ်ရက်အတွင်း ရှန်ဟိုင်းသည် ခရီးသွား ၁၀.၉၈၃၆ သန်းကို ကြိုဆို လက်ခံရရှိခဲ့ပြီး ခရီးသွားဝင်ငွေ ယွမ် ၁၇.၇၂၁ ဘီလီယံ ရရှိခဲ့ကြောင်း ရှန်ဟိုင်းခရီးသွားလုပ်ငန်း Big Data စောင့်ကြည့်မှုအရ သိရသည်။နွေဦးပွဲတော်အားလပ်ရက်အတွင်း ရှန်ဟိုင်းသည် ” အရည်အသွေးမြင့်၊ ရှန်ဟိုင်းပုံစံ၊ နှစ်သစ်ကူးအငွေ့အသက် ” ၏ ထူးခြားချက်များကို အာရုံစိုက်ကာ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိတွေ့မှုအသစ်များဖြင့် ပျော်ပျော်ရွှင်ရွှင်နှစ်သစ်ကူး ” ခေါင်းစဉ်ဖြင့် နွေဦးပွဲတော် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းပေါင်း ၅၀၀ နီးပါးကို စီစဉ်ခဲ့ကြောင်း၊ ခရီးသည်များက လမ်းများ၊ ရှေးဟောင်းမြို့များ၊ ကုန်တိုက်များ၊ ရှုခင်းသာများတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိတွေ့ခြင်းဖြင့် နှစ်ကူးပွဲတော် အငွေ့အသက်ကို ခံစားနိုင်ကြောင်း သိရသည်။

Yuyuan ကုန်တိုက်တွင် နွေဦးပွဲတော် မီးပုံးများချိပ်ဆွဲကာ “ရှေးဟောင်းမြို့တွင် နှစ်သစ်ကူးခြင်း” လှုပ်ရှားမှုဖြင့် ပွဲတော်ဆုမွန်ကောင်းများပေးကာ မြို့သူမြို့သားများနှင့် ခရီးသွားများက သမိုင်းဝင်ယဉ်ကျေးမှုနှင့် ပြည့်စုံသော လမ်းများကို ဖြတ်လျှောက်ခြင်းဖြင့် “ရှန်ဟိုင်းပုံစံ မြို့ပြရှေးဟောင်းသုတေသနပညာ” ကို ထိတွေ့ခံစားနိုင်သလို မြို့ပြလူနေမှုဘဝကိုလည်းခံစားကြည့်ရှုနိုင်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်နည်းပညာသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ထိတွေ့ခံစားမှုများကို ကြွယ်ဝစေကြောင်း၊ ရှန်ဟိုင်းရှိ အများသူငှာ ယဉ်ကျေးမှုဆိုင်ရာနေရာများ၊ ပြတိုက်များနှင့် အနုပညာပြခန်း များတွင် “အွန်လိုင်းပြပွဲ” “အွန်လိုင်းရှိုးပွဲ” နှင့် “အွန်လိုင်းစာသင်ခန်း” တို့ကို ဖွင့်လှစ်ခဲ့ရာ စုစုပေါင်းလာရောက်လည်ပတ်သူ ၃.၂၆၉၉ သန်း ဝင်ရောက်ကြည့်ရှု ပါဝင်ခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းသဘာဝသမိုင်းပြတိုက် (ရှန်ဟိုင်းသိပ္ပံနှင့်နည်းပညာပြတိုက်ဌာနခွဲ) ၏ “Fuhu Bai YOUNG” ၏ အွန်လိုင်းပြပွဲစာမျက်နှာသို့ ဝင်ရောက်ကာ ကျား စသော ကြောင်အမျိုးအစား တိရိစ္ဆာန်များ၏ စိတ်ဝင်စားဖွယ်ရာ ဗဟုသုတများကို လေ့လာနိုင်ကြောင်း သိရသည်။
ယဉ်ကျေးမှု ခရီးသွား လုပ်ငန်း များသည် မြို့ပြ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုများကို တိုးမြှင့်စေခဲ့ရာ ရှန်ဟိုင်းရှိ ဟိုတယ်လုပ်ငန်းတွင် နွေဦးပွဲတော်အားလပ်ရက်အတွင်း ပျမ်းမျှခရီးသွားဝင်ရောက်နေထိုင်မှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

အားလပ်ရက်အတွင်း ရှန်ဟိုင်း၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အများပြည်သူလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ မြို့ပြစိမ်းလန်းစိုပြည်ရေးအသွင်၊ မိုးလေဝသ၊ စျေးကွက် ကြီးကြပ်မှု၊ မြို့ပြလေကြောင်း၊ မီးရထား၊ အရေးပေါ်အခြေအနေ ကိုင်သွယ်ရေး စသည့်ဌာနဆိုင်ရာများ ပူးပေါင်းကာ ဒေသခံနှင့် ခရီးသွားများ နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း ပျော်ရွှင်မှုကို အာမခံရန် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)