ရှီကျင့်ဖိန် နှင့် ကုလအကြီးအကဲတို့ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု နှင့် စည်းလုံးညီညွတ်မှုရှိရန် ဆွေးနွေး ပြောကြား

2022-02-07 17:43:29 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နှင့်တွေ့ဆုံဆွေးနွေးစဉ်အတွင်း အမျိုးမျိုးသောကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏လုပ်ငန်းစဉ်ကို အခိုင်အမာ ထောက်ခံအားပေးကာ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ပါဝင်ဆောင်ရွက်မှုအသစ်များ ဖော်ဆောင်ခြင်း နှင့် လူသားမျိုးနွယ်အတွက် ကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုတည်ဆောက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် ကြီးကျယ်ခမ်းနားသော ၊ ဘေးကင်းလုံခြုံသော နှင့် စနစ်တကျရှိသော အိုလံပစ်ပြိုင်ပွဲကြီးအား အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းသည် ကမ္ဘာကြီးအတွက် ယုံကြည်မှု နှင့် ခွန်အားဖြစ်မှုကို အားဖြည့်ပေါင်းစည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ရှီက ဆိုသည်။

လက်ရှိ နှင့် ရှေ့အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့ရမည့် အလေးအနက်ဂရုပြုဖွယ်ကောင်းသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု အဓိကပြဿနာရပ်သုံးခုကို သမ္မတရှီက မီးမောင်းထိုးပြခဲ့သည်။ ၎င်းတို့မှာ COVID-19 တိုက်ဖျက်ရန် စည်းလုံးညီညွတ်မှုတိုးမြှင့်ရေး ၊ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရေး နှင့် ဒီမိုကရေစီမြှင့်တင်ရေး တို့ဖြစ်ကြသည်။

ကပ်ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းကို ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ ၂ ဘီလီယံစာ ထောက်ပံ့ပေးအပ်ရန် ၎င်း၏ ကတိကဝတ်ကို အခိုင်အမာ လုပ်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကပ်ရောဂါတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက်လည်း ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့်အတူ အနီးကပ်ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိပြီး ပို၍သန်မာသော ၊ အစိမ်းရောင်ဖြစ်သော ၊ ကျန်းမာသန်စွမ်းသော ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုဖော်ဆောင်နိုင်ရန်အတွက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ဒီမိုကရေစီရေးနှင့်ပတ်သက်၍ နိုင်ငံတိုင်းသည် ၎င်းတို့၏ အမျိုးသားရေးအခြေအနေများ နှင့် ၎င်းတို့၏ ပြည်သူ့လိုအင်ဆန္ဒနှင့်အညီ လိုက်လျောညီထွေရှိသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုကို ရွေးခြယ်ပိုင်ခွင့်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က အင်မတန်ကြီးကျယ်ခမ်းနားသော အိုလံပစ်ပြိိုင်ပွဲကြီးကို ဘေးကင်းလုံခြုံစွာကျင်းပနိုင်ခြင်းမှာ တရုတ်နိုင်ငံ၏ အောင်မြင်မှုဖြစ်ကြောင်း ဆိုသည်။

ကမ္ဘာကြီးသည် မည်သည့်နိုင်ငံမှ ပြည်သူဖြစ်စေ ၊ နိုင်ငံ သို့မဟုတ် မတူကွဲပြားသော ဘာသာရေး ကိုးကွယ်ယုံကြည်မှုဖြစ်စေ နှင့် စည်းလုံးညီညွတ်မှုစွမ်းဆောင်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ရှင်းလင်းသော သတင်းစားတစ်ခုကို ပေးပို့ရန် အောင်မြင်သောအိုလံပစ်ပြိုင်ပွဲတစ်ခုကို အလိုရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂအကြီးအကဲက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ကြီးမားသောပူးပေါင်းပါဝင်မှု နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွင် ညီမျှမှု နှင့် ဟန်ချက်ညီမှုရှိစေရန် နှင့် ရှီက ချမှတ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစပြုဖော်ဆောင်ခြင်း အရေးပါပုံကို အလေးထားပြောကြားခဲ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရအတွက် ကုလသမဂ္ဂ ၂၀၃၀ (UN 2030) ရည်မှန်းချက်ပန်းတိုင်ကို မြှင့်တင်ဆောင်ရွက်ရေးအလွန် အရေးပါပုံကို မှတ်ချက်ပြုပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် အကွဲကွဲအပြဲပြဲ နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းဖြစ် လုပ်ကိုင်ဆောင်ရွက်၍ မရနိုင်ကြောင်း နှင့် ဘက်စုံကဏ္ဍစုံဝါဒ ၊ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းတစ်ခုတည်းကသာ ကြုံတွေ့နေရသည့် ဘေးအန္တရာယ်များ နှင့် စိန်ခေါ်မှုများကို ထိရောက်စွာ ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ နှင့်အတူ မိတ်ဖက်ဆက်ဆံရေးသည် ကုလသမဂ္ဂ၏ အဓိကထောက်တိုင်တစ်ခုနှင့် ဘက်စုံကဏ္ဍစုံဝါဒတစ်ခုဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတကာစနစ်၏ ပြုပြင်ပြောင်းလဲရေးကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ကြီးမားသောအခန်းကဏ္ဍကို ရှေ့ဆက် တွန်းအားပေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဂူတာရက်စ်က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)