ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲ အထိမ်းအမှတ် မင်္ဂလာအရုပ် Bing Dwen Dwen သည် ရောင်းအားထက် ဝယ်အားကောင်းလျက်ရှိ

2022-02-07 18:13:03 |သတင်းအရင်းအမြစ် 新华网、央视网、光明网

ယခုရက်ပိုင်းတွင် တရုတ်လူမှုကွန်ရက်၌ “Bing Dwen Dwen ဝယ်ပေးဖို့ တောင်းဆိုပါတယ်” “Bing Dwen Dwen တစ်ခုရဖို့ ခက်ခဲလိုက်တာ” ဆိုသည့်ပြောဆိုချက်ကို ပါဝင်ဆွေးနွေးသူ များပြားလှပါ သည်။ ပြည်ပမှလည်း Bing Dwen Dwen ချစ်မြတ်နိုးသူ များနေသည်။ Bing Dwen Dwen ဆိုသည်မှာ ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံပေကျင်းအိုလံပစ်အားကစားပွဲအထိမ်းအမှတ် မင်္ဂလာအရုပ်ဖြစ်ပြီး တရုတ်ပန်ဒါ၏ ရုပ်ပုံကိုအခြေခံပြီး ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းသည် ဆီးနှင်းအားကစားလှုပ်ရှားမှု အထူးသုံးခေါင်းဆောင်းဖြင့်အလှဆင်ထားသည်မှာ အာကာသယာဥ်မှူးကဲ့သို့ ဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပထမဆုံးအကြိမ် လူသားများနှင့်တွေ့ဆုံပြီး ယခုနှစ်ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အိုလံပစ်သတင်းအချက်အလက်စင်တာ၌ ၎င်းသည် အတွင်းသို့ဝင်ရာ ဦးခေါင်းကြီး သောကြောင့် တံခါးနှင့်မဆန့်ဖြစ်နေသည့်ပုံသည် လူမှုကွန်ရက်တွင် ရေပန်းစားခဲ့ကာ ထိုအချိန်မှစ၍ အွန်လိုင်းတွင် ခေတ်စားလာသည်။ Bing Dwen Dwen အရုပ်ကို ဝယ်ရန် တန်းရှည်စီခဲ့သော်လည်း ရောင်းအားထက် ဝယ်အားပိုကောင်းနေပါသည်။ အချို့သောလူများသည် Bing Dwen Dwen ဝယ်မရသောကြောင့် ဆီးနှင်းဖြင့် ကိုယ်တိုင်ဖန်တီးနေကြသည်။

 

“တစ်အိမ်ကို Bing Dwen Dwen တစ်ခု ရနိုင်ဖို့ သက်ဆိုင်ရာဌာနက စီစဥ်ပေးဖို့ အလေးအနက် အကြံပြုလိုပါတယ်”ဟု အချို့သောသူများက လူမှုကွန်ရက်တွင် အကြံပေးကြသည်။ အဆိုပါ အခြေအနေအတွက် ပေကျင်းဆောင်ရာသီအိုလံပစ်အားကစားကော်မတီမှ ပြောရေးဆိုခွင့်ရှိသူသည် “လတ်တလော Bing Dwen Dwen ကို စျေးကွက်တင်ပို့ပေးနိုင်ဖို့ စီစဥ်နေတယ်။ အိုလံပစ်အား ကစားပွဲကျင်းပချိန်ဟာ တရုတ်နှစ်သစ်ကူးနွေဦးပွဲ ရုံးပိတ်ရက်ဖြစ်တာမို့ စက်ရုံတွေ ပိတ်နေလို့ပါ”ဟု ပြောသည်။