【Beijing 2022】ပေကျင်းဆောင်းရာသီအိုလံပစ်တွင် အမျိုးသမီးအားကစားသမားပါဝင်မှု စံချိန်တင်

2022-02-08 18:40:35 |သတင်းအရင်းအမြစ် 新华网

ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲတွင် ပါဝင်သည့် စုစုပေါင်းအားကစားသမား၏ ၄၅ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးအားကစားသမားများ ဖြစ်ကြောင်း ၊ ယခင်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများထက် ပိုမိုများပြားကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။“အမျိုးသမီးပါဝင်မှုဟာ စံချိန်တင် အဆင့် နဲ့ အမျိုးသမီးအားကစားသမားအရေအတွက် ပါဝင်မှုဟာ စံချိန်တင်ပါပဲ။”ဟု IOC ၏ အားကစားဒါရိုက်တာ Kit McConnell က ပြောကြားခဲ့သည်။”ကိန်းဂဏန်းတွေအရဆိုရင် အမျိုးသမီး ပါဝင်မှုဟာ ပြီးခဲ့တဲ့ လေးနှစ်က ပြုလုပ်ခဲ့တဲ့ PyeongChang ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ၄၁ ရာခိုင်နှုန်းကနေ ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာ ၄၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။”ဟု ဆိုသည်။

“ဒီနေရာမှာ အမျိုးသမီးအားကစားသမားတိုင်းက အားကစားမှာ ရင်းနှီးမြှုပ်နှံမှုအရ ဆက်တိုက်မြှင့်တက်မှု ရှိပါတယ်။”ဟု အားကစားဒါရိုက်တာ Kit McConnell က ပြောကြားခဲ့သည်။ ပွဲစီစဉ်သူများက အမျိုးသမီးများ၏ အားကစားကို မြှင့်တင်ပေးရာတွင် အညီအမျှ အာရုံစိုက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)