နွေဦးပွဲအားလပ်ရက်ကာလအတွင်း တရုတ်တစ်ပြည်လုံးတွင် အမြန်ချောထုပ် ၇၄၉ သန်း လက်ခံပို့ဆောင်ခဲ့

2022-02-08 18:42:33 |သတင်းအရင်းအမြစ် 工人日报

China Post မှ ကိန်းဂဏန်းအချက်အလက်များအရ နွေဦးပွဲအားလပ်ရက်ကာလဖြစ်သော ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အတွင်း တရုတ်တစ်ပြည်လုံးတွင် အမြန်ချောထုပ် ၇၄၉ သန်း လက်ခံပို့ဆောင်ပေးခဲ့ပြီး လွန်ခဲ့သောနှစ် နွေဦးပွဲကာလထက် ၁၆% တိုးလာကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကြောင့် ယခုနှစ် နှစ်သစ်ကူးနွေဦးပွဲတွင် အွန်လိုင်းမှတစ်ဆင့် ဆွေမျိုးများနှင့်နှုတ်ခွန်းဆက်ခြင်း၊ နှစ်သစ်ကူးလက်ဆောင်များ အမြန်ချောပို့ဖြင့် အပြန်အလှန်ပေးပို့ခြင်း စသည်တို့ဖြင့် နွေဦးပွဲကို ထောပနာပြုခဲ့ကြကြောင်း သိရသည်။