【Beijing 2022】အသက် ၁ နှစ်အရွယ် ကလေးသည် မိမိခွန်အားဖြင့် Bing Dwen Dwen တစ်ခုကိုရရှိခဲ့

2022-02-08 18:45:20 |သတင်းအရင်းအမြစ် 人民日报

အသက် ၁ နှစ်သာရှိသေးသော ချစ်စရာကလေးငယ် ပေ့ပေ့ (Beibei)သည် ယခုရက်ပိုင်းတွင် တရုတ်လူမှုကွန်ရက်တွင် ရေပန်းစားနေပြီး သူ့ကို အားကျနေကြကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ပေ့ပေ့သည် ယခုအချိန်တွင် ရရှိရန်ခက်ခဲသည့် Bing Dwen Dwen တစ်ခုကို မိမိ၏ခွန်အားအစွမ်းဖြင့် ရရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

ဖြစ်စဉ်ကိုပြောရလျှင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပသည့် အိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြခဲ့သော ဗီဒီယိုတိုမှ စတင်သည်ဟုဆိုရမည်။ ၎င်းဗီဒီယိုတိုတွင် အသက် ၁ နှစ်သာရှိသေးသော ပေ့ပေ့သည် ခွေးကလေးတစ်ကောင်နှင့်အတူ စကိတ်စီးကြသည့် မြင်ကွင်းသည် ချစ်စဖွယ်ကောင်းသောကြောင့် ပရိသတ်များစွာကို ဆွဲဆောင်ခဲ့သည်။ “အဲဒီဗီဒီယိုအစိတ်အပိုင်းက လွန်ခဲ့တဲ့နှစ် ၁၂ လပိုင်းမှာ ရိုက်ထားတာဖြစ်တယ်။ တစ်နေ့ကုန်ရိုက်ကူးခဲ့ပြီး အဲဒီနေ့မှာ အပူချိန်က သုညအောက် ၂၀ ဒီဂရီရှိတယ်။ အရမ်ချမ်းပေမဲ့ ပေ့ပေ့က ကောင်းကောင်းရိုက်နိုင်ခဲ့ပါတယ်”ဟု ပေ့ပေ့၏မိခင်မှ ဆိုသည်။

ပေ့ပေ့သည် ဗီဒီယို ရိုက်ကူးစဉ် အလွန်ထူးချွန်သောကြောင့် ဆီးနှင်းစခန်းမှ Bing Dwen Dwen တစ်ခု လက်ဆောင်ပေးကာ ဂုဏ်ပြုခဲ့သည်။