【Beijing2022】Gu Ailing သည် အလွတ်တန်း စကိတ်စီးပြိင်ပွဲ အမျိုးသမီးပွဲစဉ်နောက်ဆုံးဗိုလ်လုပွဲတွင် ချန်ပီယံဆုရရှိခဲ့ပြီး ရှုံးနိမ့်သူကို နှစ်သိမ့်ခဲ့

2022-02-08 18:46:54 |သတင်းအရင်းအမြစ် 人民日报

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တရုတ်အားကစားသမား Gu Ailing သည် အလွတ်တန်း စကိတ်စီးပြိင်ပွဲ အမျိုးသမီးပွဲစဉ်နောက်ဆုံးဗိုလ်လုပွဲတွင် ချန်ပီယံဆုရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် သူမသည် ပြိုင်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီး ငိုနေသည့် ပြိုင်ဘက်အားကစားသမားအား နှစ်သိမ့်ခဲ့သည်။ သူမ၏ မြင့်မြတ်သောစိတ်အမူအရာအား လူမှုကွန်ရက်တွင် ချီးကျူးမှုများစွာရရှိခဲ့သည်။ “ကိုယ်ပိုင်စွမ်းရည်ရှိသလို နွေးထွေးတဲ့စိတ်လည်း ရှိတယ်။ အဲဒါက အိုလံပစ်အားကစားပြိုင်ပွဲရဲ့စိတ်ဓာတ် ဖြစ်တယ်”ဟု ဆိုခဲ့သည်။