သမ္မတရှီက အီတလီနိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် မတ်တာရီလာထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

2022-02-09 16:47:23 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီတလီနိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံရသည့် ဆာဂျီရိုမတ်တာရီလာ (Sergio Mattarella) ထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု သိရသည်။


တရုတ်-အီတလီဆက်ဆံရေးသည် သမိုင်းတွင် ယှက်နွယ်မှုနက်ရှိုင်းစွာရှိခဲ့ကြောင်း ၊ ပြည်သူများနှစ်ထောင်းအားရစွာ ထောက်ခံအားပေးခဲ့ကြောင်း နှင့် အကျိုးစီးပွားများဖြစ်ထွန်းစေခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။ နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှုဖြင့် နိုင်ငံတကာအသိုက်အဝန်းအတွက် စံနမူနာကောင်းတစ်ခုဖြစ်ခဲ့ကြောင်း ၊ မတူခြားနားချက်များတွင် တူညီသောဘုံအခင်းအကျင်းတစ်ခုကို ရှာဖွေခဲ့ကြကြောင်း နှင့် win-win ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး တရုတ်-အီတလီ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခါသမယ အခမ်းအနားကို ပူးတွဲကျင်းပခဲ့ကြောင်း နှင့် ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ် နှင့် ၂၀၂၆ မီလန်ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပရန် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထောက်ခံအားပေးခဲ့ကြကြောင်း ရှီက ဆိုသည်။

နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခွင့်အလမ်းသစ်များစွာ ယူဆောင်ပေးမည့် တရုတ်-အီတလီ ယဉ်ကျေးမှု နှင့် ခရီးသွား နှစ်ကို ပြန်လည်စတင်ရန်လည်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်-အီတလီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ကြီးမားသောအရေးပါပုံအနေအထားများ နှင့် နိုင်ငံရေးအရ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုနက်ရှိုင်းစေရန် ၊ နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှု တိုးချဲ့ရန် နှင့် နှစ်ဖက်ပြည်သူများ နှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းရန် တရုတ်-အီတလီဆက်ဆံရေးတွင် အောင်မြင်မှုအသစ်များ ရရှိရန်အတွက်ပူးတွဲ တွန်းအားပေးဆောင်ရွက်သွားရေးအတွက် မတ်တာရီလာ နှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ရှီက ဆိုသည်။ (Xinhua)