တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအား ထိုင်ဝမ်သို့ လက်နက်များရောင်းချခြင်းကို ရပ်တန့်ရန် တိုက်တွန်း

2022-02-10 11:17:11 |သတင်းအရင်းအမြစ် 新华网

တရုတ်ထိုင်ဝမ်ဒေသ သို့ အမေရိကန်နိုင်ငံမှ လက်နက်များရောင်းချမှုအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသားကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။အမေရိကန်ပြည်ထောင်စု အနေဖြင့် ထိုင်ဝမ်ဒေသသို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀တန်ဖိုးရှိ လက်နက်များရောင်းချမည့်အစီအစဉ်အပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသားကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း နှင့် ယင်းအစီအစဉ် အား မဆိုင်းမတွ ပယ်ဖျက်ရန် တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။

ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းက အမေရိကန်ပြည်ထောင်စုမှ တရုတ်ထိုင်ဝမ်ဒေသသို့ လက်နက်များရောင်းချခြင်းသည် တရုတ်တစ်နိုင်ငံထဲ မူဝါဒ (one-China principle ) နှင့် ၃ကြိမ်မြောက် တရုတ်အမေရိကန်တို့ ပူးတွဲ ချုပ်ဆိုထားတဲ့သဘောတူညီချက်များ အထူးသဖြင့် ဩဂုတ်လ ၁၇ ရက် သဘောတူညီချက် ကို ပြင်းထန်စွာ ဖောက်ဖျက်ရာရောက်ကြောင်း ဆိုသည်။

“အဲဒီလို အပြုအမူတွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ လုံခြုံရေးအကျိုးစီးပွားကို ပြင်းထန်စွာထိပါးတာ ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို ဆိုးဝါးစွာထိခိုက်စေတဲ့အပြင် ထိုင်ဝမ်ရေလက်ကြား ရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပါထိခိုက်စေပါတယ်Ó ဟု ကျောက်ကဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်တစ်နိုင်ငံထဲ မူဝါဒ one-China principle နှင့် ၃ကြိမ်မြောက် တရုတ်အမေရိကန်တို့ ပူးတွဲ ချုပ်ဆိုထားတဲ့သဘောတူညီချက်များ အတိုင်းလိုက်နာကျင့်သုံးရန် ၊ လက်နက်ရောင်းချမည့်အစီအစဉ်အား ချက်ချင်း ပယ်ဖျက်ရန် နှင့် ထိုင်ဝမ်ဒေသနှင့် စစ်ရေးဆက်ဆံမှုပြုလုပ်နေမှုများအားရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းလိုကြောင်းပြောခွင့်ရသူက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားများအား ခိုင်မာစွာခုခံကာကွယ်နိုင်ရန် တရားဥပဒေနှင့်အညီ ပြင်းထန်သည့် အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသူက ဆိုသည်။ (Xinhua)