တရုတ်နှစ်သစ်ကူးနွေဦးပွဲအားလပ်ရက် ကုန်ဆုံးပြီးနောက် ယူနန်ပြည်နယ်မှ အလုပ်သမား ၄၀၀ ကျော်အား မြန်နှုန်းမြင့်ရထားဖြင့် ရှန်ဟိုင်းအပါအဝင်နေရာအသီးသီးသို့ အခမဲ့ပို့ဆောင်ပေးခဲ့

2022-02-10 11:18:17 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် တရုတ်နှစ်သစ်ကူးနွေဦးပွဲအားလပ်ရက် ကုန်ဆုံးသွားပြီဖြစ်၍ ပြင်ပတွင် အလုပ်လုပ်သူများသည် ဇာတိမှ အလုပ်နေရာသို့ ပြန်နေကြသည်။ ယူနန်ပြည်နယ်မှ အလုပ်သမား ၄၀၀ ကျော်သည်လည်း မြန်နှုန်းမြင့်ရထား အခမဲ့စီးခြင်းဖြင့် ရှန်ဟိုင်း အပါအဝင် နေရာအသီးသီးသို့ ရုံးပြန်တက်ရန် ထွက်ခွာသွားခဲ့ကြသည်။

၎င်းသည် အလုပ်သမားများ အလုပ်နေရာသို့ လုံခြုံစွာ ရောက်ရန်အတွက် ယူနန်ပြည်နယ် လူမှုရေးနှင့်ဖူလုံရေးဌာနမှ အခြားသောပြည်နယ်သို့ သွားရောက်အလုပ်လုပ်ကြသည့် ယူနန်သူယူနန်သားများအတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။

(သတင်းအရင်းအမြစ်။ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)