ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ပြီး တရုတ်ယူနန်တွင် ပြည်နယ်ဖြတ်ကျော်ခရီးသွားလာရေး ပြန်လည်စတင်

2022-02-10 11:25:45 |သတင်းအရင်းအမြစ် 云南发布、新华网

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ယခုအချိန်တွင် ယူနန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခြင်း အလယ်အလတ်အဆင့်နှင့် ပျံ့နှံ့မှုမြင့်မားသောနေရာမရှိသောကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ ယူနန်ပြည်နယ်အတွင်း ခရီးသွားလာရေးကုမ္ပဏီနှင့်အဖွဲ့များက ပြည်နယ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းနှင့် “လေယာဥ်လက်မှတ်+ဟိုတယ်”ဆိုင်ရာဝန်ဆောင်မှုကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။

(သတင်းအရင်းအမြစ်။ ယူနန်ထုတ်ပြန်ခြင်းကွန်ရက်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)