ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွင်း တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ ဘက်စုံစွမ်းဆောင်ရည်သည် မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း Ni Huizhong ကပြောကြား

2022-02-11 19:09:06 |သတင်းအရင်းအမြစ် 新华网

တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ ဘက်စုံစွမ်းဆောင်ရည်သည် မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သို့ တက်ရောက်သော တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Ni Huizhong က ဖေဖော်ဝါရီ ၁၀ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ပွဲတော်၏ ပထမ ၅ ရက်တွင် ရွှေတံဆိပ် ၃ ခုနှင့် ငွေတံဆိပ်၂ ခု ဆွတ်ခူးနိုင်ခဲ့သည့် ထူးချွန်သော ရလဒ်ကောင်းများ ရရှိခဲ့ပြီး ဖွင့်ပွဲပြီးနောက် ပြိုင်ပွဲ၏ပထမနေ့တွင် ရွှေတံဆိပ်ရရှိခဲ့ခြင်း၊ အခြားပြိုင်ပွဲများတွင် ငွေတံဆိပ်များဆွတ်ခူးခဲ့ခြင်းနှင့် အချို့ပြိုင်ပွဲတွင်ပထမအကြိမ်ပါဝင်ခြင်းစသည့် သမိုင်းဝင်အောင်မြင်မှုများကို ဖန်တီးခဲ့ကြောင်း Ni Huizhongက ပြောကြားခဲ့သည်။ ထို့ပြင် ခေတ်သစ်တရုတ်နိုင်ငံ အားကစားသမားများသည် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာ့အထူးချွန်ဆုံး အားကစားသမားများနှင့် ယှဉ်ပြိုင်ရာ မိမိကိုယ်ကိုစိန်ခေါ်မှုအသစ်များရရှိခဲ့သလို အခက်အခဲများကို ရဲဝံ့စွာရင်ဆိုင်ပြီး ပွင့်လင်းမြင်သာမှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ အများပါဝင်နိုင်မှု စိတ်ဓာတ်များကို မြင်တွေ့ရခြင်းအပေါ် ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့သည် ပြိုင်ပွဲတွင် ကောင်းမွန်စွာအစပျိုးနိုင်ခဲ့ကြောင်း Ni Huizhong က ဆိုသည်။ သို့သော် တရုတ်အားကစားသမားများက ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ရှိ ပြိုင်ပွဲပေါင်း ၁၀၉ ပွဲအနက် အများစုတွင် ကမ္ဘာ့အဆင့်အမြင့်ဆုံး အရည်အချင်းနှင့် ကွာဟမှုရှိနေဆဲကို သတိပြုမိကြောင်း၊ ထို့ကြောင့် နောက်ဆက်တွဲပြိုင်ပွဲများတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့သည် စိန်ခေါ်မှုများကို ရဲဝံ့စွာရင်ဆိုင်နိုင်သည့် ဇွဲသတ္တိ၊ မိမိကိုယ်ကိုနှိမ့်ချကာ သင်ယူလေ့လာသည့်စိတ်ဓာတ်ဖြင့် ခေတ်သစ်တရုတ်အားကစားသမားများ၏ အားကစားစိတ်ဓာတ်နှင့် ယှဉ်ပြိုင်မှုအရည်အချင်းကို တက်ကြွစွာပြသနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)