ရှီက တူရကီသမ္မတထံ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့

2022-02-11 19:10:42 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တူရကီသမ္မတ အာဒိုဂန် နှင့် ဇနီးဖြစ်သူတို့ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရခြင်း အပေါ် စာနာထောက်ထားရကြောင်း သဝဏ်လွှာတစ်စောင်ကို သမ္မတ အာဒိုဂန်ထံ ဖေဖော်ဝါရီ ၁၀ ရက်တွင်ပေးပို့ခဲ့သည်။သမ္မတ အာဒိုဂန် နှင့် ၎င်း၏ ဇနီး အီမိုင် အာဒိုဂန် တို့ COVID-19 ကူးစက်ခံရခြင်းအပေါ် သမ္မတရှီ နှင့် ဇနီး Peng Liyuanတို့အနေဖြင့် အထူးစာနာထောက်ထားမိပါကြောင်းနှင့် အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေရန် စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးပါကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် တူရကီအား ဆက်လက်ကူညီသွားမည်ဟု တရုတ်သမ္မတက ပြောကြားခဲ့သည်။တရုတ်-တူရကီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးပါကြောင်းနှင့် နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ၊ ဆက်ဆံရေး အဆင့်သစ်မှုများဆီသို့ စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန် သမ္မတ အာဒိုဂန် နှင့် အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှီ၏သဝဏ်လွှာတွင် ဖော်ပြထားသည်။ (Xinhua)