ဂျပန်နိုင်ငံ Figure Skating အားကစားသမား Hanyu Yuzuru သည် စကိတ်အလှစီးအားကစားဉာဉ် ရှိနေကြောင်း ဖော်ပြခဲ့

2022-02-11 19:12:06 |သတင်းအရင်းအမြစ် 新华网

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲ၏ Figure Skating ပြိုင်ပွဲတွင် ပရိသတ်များစွာ ဂရုစိုက်အားပေးသော ဂျပန် Figure Skating အားကစားသမား Hanyu Yuzuru သည် စတုတ္ထနေရာ ရရှိခဲ့သည်။

ကွင်းစဆင်းဆင်းခြင်းတွင် Hanyu Yuzuru သည် Axel ခုန်ခြင်းပြသရာ ရေခဲပြင်ပေါ်လဲကျသွားခဲ့ကာ ဆုတံဆိပ် လက်လွတ်ခဲ့ရသည်။ ပရိသတ်များသည် ၎င်းအတွက် အလွန် နှမြောခဲ့ကြပြီး Axel ခုန်ခြင်းကို စိန်မခေါ်ခဲ့ပါက Hanyu Yuzuru က ဆုတံဆိပ်တစ်ခုရနိုင်မည်ဟု ထင်ထားကြပါသည်။

Figure Skating သည် ဂီတအနုပညာ၊ အကအနုပညာများနှင့် ပေါင်းစပ်ထားသော ခမ်းနားသည့် မြင်ကွင်းရှုစားမှုကို ပေးစွမ်းသည့် ယှဥ်ပြိုင်ပွဲတစ်ခုဖြစ်သည်။ Hanyu Yuzuru ၏ တင်ဆက်မှုသည် အနုပညာ၏အလှကို အကောင်းဆုံး တင်ဆက်နိုင်ခဲ့ပြီး ပရိသတ်များက သူ၏ဖန်တီးမှုအနုပညာအလှတွင်းသို့ ကျရောက်စေနိုင်ခဲ့သည်။ သို့ရာတွင် သူသည် လွန်ကဲရဲရင့်စွာ Axel ခုန်ခြင်းကို စိန်ခေါ်ပြီး မိမိ၏အပြုအမှုအားဖြင့် Figure Skating သည် အားကစားလှုပ်ရှားမှုတစ်ရပ် ဖြစ်ပြီး မူရင်းအနှစ်သာရကလည်း အားကစားလှုပ်ရှားမှုကိုဖော်ပြသည့် စွမ်းအင်အလှဖြစ်ကြောင်း ဖော်ပြနေပါသည်။

ချန်ပီယံဆုရရှိခြင်းသည် အားကစား၏ တစ်ခုတည်းသောတန်ဖိုးမဟုတ်ပေ။ ယှဥ်ပြိုင်ခြင်းထက် မိမိကိုယ်ကိုစိန်ခေါ်ခြင်းသည် ပိုမိုတန်ဖိုးရှိသော အချက်ဖြစ်သည်။ ၎င်းတို့၏အိပ်မက်ကိုလိုက်ရန် ရဲရင့်စွာ ယှဉ်ပြိုင်သည့်စိတ်ဓာတ်ကို အိုလံပစ်၏သမိုင်းတွင် အမြဲရေးထိုးထားမည်ဖြစ်သည်။