ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေသည် သန်း ၄၀၀ အထက် ရောက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်

2022-02-11 19:14:55 |သတင်းအရင်းအမြစ် 央视网

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေသည် သန်း ၄၀၀ အထက် ရောက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူသည် ၅.၇၇ သန်း အထက် ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

၎င်းအနက် အမေရိကန်သည် အတည်ပြုလူနာနှင့် သေဆုံးသူဦးရေ အများဆုံးသောနိုင်ငံ ဖြစ်ပြီး အတည်ပြုလူနာ ၇၆.၄၄ သန်းနှင့် သေဆုံးသူ ၉.၀၂ သိန်း ရှိကာ ကမ္ဘာ့စုစုပေါင်းအတည်ပြုလူနာနှင့်သေဆုံးသူ၏ ၁၉% ၊ ၁၅.၆ % အသီးသီး ရှိသည်။
 
ထို့ပြင် အိန္ဒိယ၊ ဘရာဇီး၊ ပြင်သစ်၊ အင်္ဂလန်၊ ရုရှား၊ တူရကီ၊ အီတလီ၊ ဂျာမန်၊ စပိန် စသည့်နိုင်ငံများသည်လည်း အတည်ပြုလူနာဦးရေ ၁၀ သန်းအထက်ရောက်ရှိခဲ့ပါသည်။ ၎င်းအနက် အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးသုံးနိုင်ငံ၏ အတည်ပြုလူနာဦးရေနှင့် သေဆုံးသူဦးရေသည် ကမ္ဘာ့အတည်ပြုလူနာနှင့်သေဆုံးသူဦးရေ၏ ၃၆.၂%၊ ၃၅.၄% အသီးသီး ရောက်ရှိခဲ့သည်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ဒေသအလိုက်ခွဲခြမ်းကြည့်ရာ ဥရောပတိုက်နှင့် အမေရိကတိုက်သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ အတည်ပြုလူနာ ၁၆၀၂၉၈၂၆၁ ဦးနှင့် ၁၄၁၄၀၆၉၇၈ ဦး အသီးသီးရောက်ရှိခဲ့ပြီး သေဆုံးသူဦးရေ ၁၈၀၄၇၂၉ ဦးနှင့် ၂၅၅၂၂၁၈ ဦး အသီးသီးရောက်ရှိလာသည်။ ၎င်းတိုက်ကြီးနှစ်ခု၏ အတည်ပြုလူနာနှင့် သေဆုံးသူအရေအတွက်သည် ကမ္ဘာ့တစ်ဝန်းအတည်ပြူလူနာနှင့်သေဆုံးသူ၏ ၇၅% အထက်ရှိကြောင်း သိရပါသည်။