တရုတ်-ကင်ညာ “၂၀၁၈ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်း” လွှဲပြောင်းခြင်း ပြီးစီး

2022-02-15 17:22:22 |သတင်းအရင်းအမြစ် 新华网

ကင်ညာနိုင်ငံအစိုးရက တရုတ်-ကင်ညာ “၂၀၁၈ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်း” ၏ အဋ္ဌမအသုတ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က မြို့တော် နိုင်ရိုဘီတွင် ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ထောက်ပံ့မှုသည် အဆိုပါစီမံကိန်း၏ နောက်ဆုံးအသုတ်ဖြစ်ရာ စီမံကိန်းတစ်ခုလုံးကို လွှဲပြောင်းပေးအပ်ခြင်း ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ကင်ညာနိုင်ငံ ပြည်သူ့ဝန်ဆောင်မှု၊ လူငယ်နှင့် အမျိုးသား-အမျိုးသမီးရေးရာဝန်ကြီး Margaret Kobia က တရုတ်နိုင်ငံမှ ကင်ညာနိုင်ငံသို့ ဆန်များ ကူညီထောက်ပံ့မှုနှင့် တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ယခင်က တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးခဲ့သည့် ဆန်များကို ကျောင်းတွင်း စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်များတွင် အသုံးပြုခဲ့သည့်အပြင် မိုးခေါင်ရေရှားသည့်ဒေသများနှင့် မိုးနည်းသော ဒေသများရှိ ကလေးသူငယ်များ၏ အာဟာရပြည့်ဝရေး မြှင့်တင်ပေးမှုအတွက် ခွဲဝေပေးခဲ့ကြောင်း၊ အဋ္ဌမအသုတ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကို မိုးခေါင်ရေရှားဒေသများ၏ စားနပ်ရိက္ခာဖူလုံရေး နည်းပါးမှု လျော့နည်းစေသည့် ကိစ္စရပ်များတွင် အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး တာဝန်ရှိသူ Zhang Yijun ၏ ပြောကြားချက်အရ ဤစီမံကိန်းသည် ၂ဝ၁၉ ခုနှစ်တွင် ပထမအသုတ် စားနပ်ရိက္ခာ ပေးပို့ခဲ့ပြီးချိန်မှ ယခုအကြိမ်အထိ စုစုပေါင်း ၈ ကြိမ် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ “၂၀၁၈ အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်း” အပါအဝင် ၂၀၁၁ ခုနှစ်မှစတင်ပြီး ၁၀ နှစ်တာကာလအတွင်း တရုတ်အစိုးရသည် ကင်ညာနိုင်ငံသို့ စားနပ်ရိက္ခာ တန်ချိန်ထောင်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ကင်ညာနိုင်ငံသို့ စားနပ်ရိက္ခာကူညီထောက်ပံ့ပေးခြင်းသည် တရုတ်-ကင်ညာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အပြုသဘောဆောင်သော လက္ခဏာဖြစ်ကြောင်း တရုတ်နိုင်ငံအနေဖြင့် ကင်ညာနိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေပြီး ကင်ညာနိုင်ငံသားများ လူနေမှုအခြေအနေ တိုးတက်စေရန်နှင့် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် ကူညီထောက်ပံ့မှုများ ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း Zhang Yijun က ပြောကြားခဲ့သည်။ (Xinhua)