ယူကရိန်းနိုင်ငံ၌ တင်းမာမှုများ အရှိန်မြင့်တက်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် သက်ဆိုင်သူများအားလုံးကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

2022-02-16 18:52:21 |သတင်းအရင်းအမြစ် 新华网

ယူကရိန်းနိုင်ငံ၌ တင်းမာမှုများ အရှိန်မြင့်တက်နိုင်ခြင်းနှင့် အကျပ်အတည်းသက်ရောက်မှုရှိနိုင်မည့် အပြုအမူများအား စဉ်းစားချင့်ချိန်လျက် ရှောင်ရှားကြရန် သက်ဆိုင်သူများအားလုံးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံရှိ အခြေအနေများအား အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် ယင်းနိုင်ငံအတွင်းရှိ တရုတ်သံရုံး နှင့် ကောင်စစ်ဝန်ရုံးများကိုလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံရှိ တရုတ်သံရုံးက တရုတ်နိုင်ငံသားများအား မြေပြင်အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် ပြောကြားထားသည့် ကောင်စစ်ဝန်နှိုးဆော်ချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီး ကောင်စစ်ဝန်ဆိုင်ရာ ကာကွယ်မှုအား ပံ့ပိုးပေးသွားမည်ဟု ဖော်ပြထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဆိုသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တသမတ်တည်း၊ ရှင်းရှင်းလင်းလင်း နှင့် အပြောင်းအလဲမရှိကြောင်း မှတ်ချက်ပြုကာ ယူကရိန်းအရေးအား ဖြေရှင်းရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုထောက်ခံထားသော Minsk-2 သဘောတူညီချက်၏ အစပြုမှတ်သို့ ပြန်သွားရန် လိုအပ်ကြောင်း ဝမ်းဝန်ပင်းက ပြောခဲ့သည်။

“သက်ဆိုင်သူတွေအားလုံးအနေနဲ့ ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုတွေကနေတစ်ဆင့် ယူကရိန်း အကျပ်အတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ဘက်စုံအခြေကျမှုအတွက် တွန်းပေးသင့်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)