ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် စနိုးဘုတ် အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲကို စိုကန်ပြိုင်ကွင်းတွင် ကျင်းပခဲ့သည်။ အသက်(၁၇)နှစ်အရွယ်ရှိ တရုတ်နိုင်ငံအားကစားသမား စူးရီမင်းသည် မိမိ၏စွမ်းရည်ကိုဖော်ပြနိုင်ခဲ့ပြီး ပထမဆုရှင် ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံကိုယ်စားလှယ်အသင်းအတွက် (၆)ခုမြောက်ရွှေတံဆိပ်ကို ရရှိခဲ့ပါသည်။
အဆိုပါအချိန်မှစပြီး ယခုအကြိမ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အသင်း ရရှိသည့် ရွှေတံဆိပ်အရေအတွက်မှာ ဗန်ကူးဗားဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုကျော်လွှားခဲ့ပြီး စံချိန်သစ် ဖန်တီးနိုင်ခဲ့ပါသည်။