တရုတ်ဟောင်ကောင်တွင် COVID-19 အတည်ပြုလူနာ(၂၀၇၁)ဦးအသစ်တိုး

2022-02-16 19:05:17 |သတင်းအရင်းအမြစ် 中国经营报

ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် တရုတ်ဟောင်ကောင်၌ COVID-19 အတည်ပြုလူနာ (၁၅၁၀)ဦး အသစ်တိုးတွေ့ရှိကြောင်း၊ ပဏာမ Positive လူနာသည် (၅၄၀၀)ခန့်ရှိပြီး အတည်ပြုလူနာနှင့် ပဏာမ Positive လူနာ စုစုပေါင်း (၇၀၀၀)ဦးခန့်ရှိကြောင်း နောက်ဆုံးရသတင်းများမှသိရပါသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ အမှုဆောင်အရာရှိချုပ် Carrie Lam Cheng Yuet-ngor သည် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အုပ်ချုပ်ရေးအစည်းအဝေးမတက်ရောက်မီ သတင်းထောက်များနှင့်တွေ့ဆုံကာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံအသစ်များကို ထုတ်ပြန်ခဲ့ပါသည်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် “မြို့ပိတ် Lock down”ချရန် အစီအစဉ်မရှိ‌ကြောင်း၊ “Dynamic zero”ကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း လင်ကျိန်ယွဲ‌အော်မှပြောဆိုခဲ့သည်။ ရောဂါပိုးကိုအရှုံးပေးသည်မှာ ရွေးချယ်ရသည့်အချက် မဟုတ်ကြောင်း သူမက လေးနက်စွာ ပြောဆိုခဲ့ပါသည်။
(သတင်းအရင်းအမြစ်၊ တရုတ်စီးပွားရေးသတင်း။ ဘသာပြန်၊ Yunnan Gateway)