တရုတ်နိုင်ငံ သမ္မတရှီက ယူကရိန်းအရေးကိစ္စအား နိုင်ငံရေးအရ ပြေငြိမ်းအောင် လိုက်နာစောင့်ထိန်းရန် သက်ဆိုင်သည့်အဖွဲ့များအား တိုက်တွန်

2022-02-17 16:30:03 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သက်ဆိုင်သည့် အဖွဲ့များအနေဖြင့် ယူကရိန်းအရေးကိစ္စအား နိုင်ငံရေးအရ ပြေငြိမ်းရေး ယေဘုယျဦးတည်ချက်အား လိုက်နာသင့်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။သမ္မတ ရှီကျင့်ဖိန်က သက်ဆိုင်သည့်အဖွဲ့များသည် နော်မန်ဒီပုံစံ (Normandy format) အပါအဝင် ဘက်ပေါင်းစုံပါဝင်သည့် စင်မြင့်များအား အပြည့်အဝ အသုံးပြုသင့်ကြောင်း နှင့် ဆွေးနွေးခြင်းနှင့် ညှိနှိုင်းတိုင်ပင်မှုတို့မှတစ်ဆင့် ယူကရိန်းအရေးကိစ္စအား ပြည့်စုံကျယ်ပြန့်သော ပြေငြိမ်းမှုတစ်ခု ရှာဖွေရန် အလေးထားပြောကြားခဲ့ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron နှင့် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုအတွင်း ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ပြီး ပြင်သစ်နိုင်ငံသမ္မတက ယူကရိန်းနိုင်ငံ၌ လက်ရှိအခြေအနေအပေါ် ၎င်း၏ အမြင်ကို ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)