တရုတ်နိုင်ငံရေတပ်သင်္ဘောဖြင့် သယ်ဆောင်လာသောကယ်ဆယ်ရေး ပစ္စည်းများ တွန်ဂါသို့ရောက်ရှိ

2022-02-17 16:37:40 |သတင်းအရင်းအမြစ် 新华网

တွန်ဂါနိုင်ငံ၏ မီးတောင်ဘေးအန္တရယ်ကယ်ဆယ်ရေးအတွက် တောင်းဆိုမှုဖြင့် တရုတ်နိုင်ငံရေတပ်သင်္ဘောများအား ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကွမ်ကျိုးမှထွက်ခွာရန် စေလွှတ်ခဲ့ပြီး တရုတ်နိုင်ငံမှတွန်ဂါသို့ ထောက်ပံ့ကူညီသော ဒုတိယအသုတ် သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ခဲ့သည်။ ‌ရေမိုင်(၅၂၀၀)ကျော်ခရီးသွားခဲ့ပြီးနောက် တွန်ဂါသို့ ကယ်ဆယ်ရေးပစ္စည်းသယ်ပို့တာဝန်ကိုထမ်းဆောင်သော တရုတ်နိုင်ငံ ရေတပ်သင်္ဘောအဖွဲ့သည် ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် တွန်ဂါ nuku'alofa ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်။ ယခုအကြိမ် သယ်ပို့သော ကယ်ဆယ်ရေးပစ္စည်းမှာ စုစုပေါင်းတန်ချိန်(၁၄၀၀)ခန့်ရှိပါသည်။ အဓိကပါဝင်သည်မှာ ရွှေ့လျားနိုင်သည့်အိမ်၊ ထွန်စက်၊ မီးစက်၊ ရေစုပ်စက်၊ ရေသန့်စင်စက်နှင့် အရေးပေါ်စားသုံးကုန်၊ ဆေးဝါးကုသကာကွယ်ရေးကိရိယာများ စသည်တို့ဖြစ်ပါသည်။


(သတင်းအရင်းအမြစ်၊ Xinhua , ဘာသာပြန်၊ Yunnan gateway)