ဖေဖော်ဝါရီလ (၁၄)ရက် မွန်းလွဲပိုင်းတွင် ဟောင်ကျိုးမြို့ရှိ ဒယ်လီသမားတစ်ဦးသည် မြို့သားမစ္စတာစိန်အား လူအများရှေ့တွင်အကကပြပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။ မစ္စတာစိန်၏ဇနီးမှာ ကိုယ်ဝန်ဆောင်မွေးဖွားခါနီး ဖြစ်သည့်အတွက် မစ္စတာစိန်အတွက် မမေ့နိုင်သောလက်ဆောင် စီစဉ်ပေးရန် ဆန္ဒရှိခဲ့သည်။ အွန်လိုင်းပေါ်က အကြံပေးချက်များအတိုင်း surprise လုပ်ပေးခဲ့သည်။ မစ္စတာစိန်သည်လည်း အလွန်အံ့အားသင့်ခဲ့ပြီး ဖခင်ဖြစ်ရန်အတွက်လည်း အထူးမျှော်လင့်ကြောင်း ပြောခဲ့ပါသည်။
(သတင်းအရင်းအမြစ်၊ RED STAR NEWS, ဘာသာပြန်၊ Yunnan gateway)