၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်သည် တရုတ်နိုင်ငံ၏“ဆောင်းရာသီအိုလံပစ်မျိုးဆက်” အားကစားများတွင် ကမ္ဘာတစ်ဝန်းမှ ပါဝင်ကြသောဆွဲဆောင်မှုကို တွေ့မြင်စေပါသည်။ နောက်ကွယ်တွင် တက္ကသိုလ်ကျောင်းသားလူငယ်များသည် ခေတ်လူငယ်အရည်အသွေးဖြင့် စေတနာ့ဝန်ထမ်းများ၊ အလုပ်ဝန်ထမ်းများအဖြစ် ပါဝင်လုပ်ဆောင်နေကြပါသည်။ သူတို့သည် ယခုအကြိမ် အပြည်ပြည်ဆိုင်ရာ အားကစားပွဲတော်ကြီး၏ မျက်မြင်သက်သေများနှင့် ပါဝင်တက်ရောက်သူများ ဖြစ်ကြသည်။ စေတနာ့ဝန်ထမ်းများသည် “ဉာဏ်ကွန့်မြူးမှု”များဖြင့် ဆောင်းရာသီအိုလံပစ် စေတနာ့ဝန်ဆောင်မှုများကို ပိုမိုနွေးထွေး၊ ပိုမိုလွယ်ကူစေခဲ့ပါသည်။ ကြည်နူးခြင်းများစွာလည်း ခံစားရရှိစေခဲ့ပါသည်။
(သတင်းအရင်းအမြစ်၊ CYOL.COM ,ဘာသာပြန်၊ Yunnan gateway)