တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ ကျန်းမာရေးကာကွယ်ရေးဌာန ကျန်းမာရေးစင်တာမှ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဟောင်ကောင်၌ COVID-19 ရောဂါအတည်ပြုလူနာသစ်(၆၁၁၆)ဦး ထပ်တိုးခဲ့ပြီး ၎င်းတို့အနက် (၆၁၀၇)ဦးသည် ဒေသအတွင်းကူးစက်မှုဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါနေ့တွင် အစောပိုင်းအတည်ပြုလူနာ(၆၃၀၀)ဦးခန့် ရှိပါသည်။
တရုတ်နိုင်ငံ ပြည်မကြီးမှ ရောဂါကာကွယ်ထိန်းချုပ်ရေး ထောက်ပံ့ကူညီသည့် ကူးစက်ရောဂါကျွမ်းကျင် ပညာရှင်အဖွဲ့သည် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ညနေပိုင်းတွင် ဟောင်ကောင်သို့ရောက်ရှိပြီး အလုပ်များစတင်လုပ်ဆောင်ခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်အဖွဲ့(၄)ဦးသည် ညနေပိုင်းတွင် စိန်းကျိန့်ဂိတ်မှ ဟောင်ကောင်သို့ ရောက်ရှိခဲ့ပြီး ၎င်းတို့နှင့်အတူ စစ်ဆေးစမ်းသပ်သူ(၈)ဦးနှင့် Nucleic acid စစ်ဆေးစမ်းသပ်ယာဉ်(၂)စီး၊ ပစ္စည်းသယ်ယူပို့ဆောင်ရေး အထောက်အကူပြုယာဉ်(၁)စီး တို့ ပါဝင်သည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)