ပေကျင်း ၂၀၂၂ ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အိုလံပစ်အလံအား ၂၀၂၆ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ လက်ခံကျင်းပမည့် မီလန်မြို့ နှင့် Cortina d’Ampezzo မြို့များ၏ မြို့တော်ဝန်များထံသို့ အသီးသီးလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပေကျင်းမြို့တော်ဝန် Chen Jining က အိုလံပစ်အလံအား နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)ဥက္ကဋ္ဌ Thomas Bach ထံသို့ ပေးအပ်ခဲ့ပြီး IOC ဥက္ကဋ္ဌက ၂၀၂၆ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်မြို့များ၏ မြို့တော်ဝန်များထံသို့ အဆင့်ဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ပိတ်ပွဲအခမ်းအနားတွင် “နှစ်မျိုးနှစ်သွယ် ၊ အတူတကွ”ခေါင်းစဉ်ဖြင့် ရှစ်မိနစ်ကြာ ဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့သည့် မီလန်မြို့ နှင့် Cortina d’Ampezzo မြို့တို့သည် လာမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပရန် အခွင့်အပ်နှင်းခံထားရသည့် မြို့များဖြစ်ကြသည်။ (Xinhua)