တရုတ်နိုင်ငံ၏ အနုစားဓာတုကုန်ပစ္စည်းများ “တရုတ်-ဥရောပရထားတွဲ” ဖြင့် ဥရောပတိုက်သို့တင်ပို့

2022-02-21 19:26:01 |သတင်းအရင်းအမြစ် 新华网

Polyvinyl alcohol (PVA) အပါအဝင် အနုစား ဓာတုကုန်ပစ္စည်းပေါင်း တန် (၁၁၀၀)ကျော် တင်ဆောင်သည့် အထူးရထားတွဲသည် တရုတ်-ဥရောပ ရထားဖြင့် ချုံချင့်ကော်ယွင်ဆိပ်ကမ်းမှ ဂျာမနီနိုင်ငံ Duisburg သို့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် စတင်ထွက်ခွာခဲ့ပါသည်။ အဆိုပါရထားတွဲတွင် တရုတ်နိုင်ငံ Sinopec Group Chuanwei ဓာတုကုမ္ပဏီလီမိတက်မှ ထုတ်လုပ် သည့် Polyvinyl alcohol အပါအဝင် အနုစားဓာတုကုန်ပစ္စည်းများ စုစုပေါင်း ကွန်တိန်နာ(၄၉)ခုကို တင်ပို့ခဲ့ပါသည်။


(သတင်းအရင်းအမြစ်၊ Xinhua, ဘာသာပြန်၊ Yunnan gateway)