ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ ကျန်းမာရေးကာကွယ်ရေးဌာန ကျန်းမာရေးစင်တာ၏ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ထုတ်ပြန်ချက်အရ အဆိုပါ နေ့တွင် ဟောင်ကောင်၌ COVID-19 ရောဂါအတည်ပြုလူနာအသစ်(၆၀၆၇)ဦး ထပ်တိုးခဲ့ကြောင်း ၎င်းတို့အနက် (၆၀၅၅)ဦးသည် ဒေသတွင်းကူးစက်မှုဖြစ် ကြောင်း သိရှိရပါသည်။ ဟောင်ကောင်၏ ရောဂါကာကွယ်ထိန်းချုပ်ရေးကို အထောက်အကူပြုရန် တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ ဆေးဝါး ကျွမ်းကျင်ပညာရှင်အဖွဲ့ကို စေလွှတ်ခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများကိုပါ သယ်ဆောင်သွားခဲ့သည်။ ယခုအကြိမ် တရုတ်ပြည်မကြီးမှ လှူဒါန်းသည့် ပထမအသုတ် ရောဂါကာကွယ်ထိန်းချုပ်ရေး တရုတ်တိုင်းရင်း ဆေးဘူး(၁.၅)သိန်းသည် ဟောင်ကောင်သို့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ဆက်လက်ပြီး တရုတ်တိုင်းရင်းဆေးဘူး (၃)သိန်းကျော်သည် လည်း တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ အသုတ်ခွဲရောက်ရှိမည် ဖြစ်သကဲ့သို့ ထောက်ပံ့သည့် KN95 Mask သိန်း(၂၅၀)သည်လည်း ယခုရက်ပိုင်း၌ ဟောင်ကောင်သို့ ဆက်တိုက်ရောက်ရှိလျက်ရှိပါသည်။
(သတင်းအရင်းအမြစ်၊ Xinhua, ဘာသာပြန်၊ Yunnan gateway)