တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစား ယှေလကျောက်သဘာဝဓာတ်ငွေ့လုပ်ကွက်၌ တွင်းသစ် ၁၉ ခု ယခုနှစ်တွင် ထုတ်လုပ်နေပြီဖြစ်

2022-02-23 15:21:23 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစား ယှေလကျောက်သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် တရုတ်နိုင်ငံ SINOPEC JIANGHAN OILFIELD ဖူလျင် ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်မှုစွမ်းရည်တည်ဆောက်ခြင်း၊ ထုတ်လုပ်မှုလျော့နည်းသည့် တွင်းများအား ကောင်းမွန်စွာ စီမံဆောင်ရွက်ခြင်းများကြောင်း ယင်းလုပ်ကွက်၌ တွင်းသစ် ၁၉ ခု ထုတ်လုပ်နိုင်ပြီဖြစ်ရာ နေ့စဉ်ပံ့ပိုးမှု ဓါတ်ငွေ့ပမာဏ ၁.၀၆ သန်း ကုဗမီတာ အထိ တိုးလာနိုင်ကြောင်း သိရသည်။ယခုနှစ်အတွင်း ဖူလျင် ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်ရေး စီစဉ်မှု မြှင့်တင်ဆောင်ရွက်လာခြင်းနှင့်အတူ ထုတ်လုပ်မှုလျော့နည်းသည့်တွင်းများအား ကုစားရေး အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအစဉ်ကို ရေးဆွဲကာ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးခဲ့ရာ ယင်းဆောင်ရွက်မှုများကြောင့် ဖူလျင်ယှေလကျောက် သဘာဝဓါတ်ငွေ့လုပ်ကွက်သည် ယခုနှစ်အတွင်း စုစုပေါင်း ၁ ဘီလီယံ ကုဗမီတာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဖူလျင်ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်သည် ချုံချင့်မြို့ ဖူလျင်ဒေသတွင်ရှိပြီး တရုတ်နိုင်ငံ စီချွမ်း သဘာဝဓါတ်ငွေ့ အရှေ့ဘက်သို့ ပို့ဆောင်ရေး ပိုက်လိုင်း၏ အရေးကြီးအစိတ်အပိုင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် စီးပွားဖြစ်ထုတ်လုပ်ခဲ့ရာ တရုတ်နိုင်ငံ၏ ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အကြီးစား ယှေလကျောက် သဘာဝဓါတ်ငွေ့ လုပ်ကွက် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၌ ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏ ကုဗမီတာ ၇၁၆၅ သန်း ရှိရာ တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်း စီးပွားရေးရပ်ဝန်းလမ်းကြောင်းတစ်လျေှာက်ရှိ မြို့ပေါင်း ၇၀ ကျော် အတွက် အစိမ်းရောင် သန့်စင်စွမ်းအင် ပို့ဆောင်နိုင်ခဲ့သည်။

ယှေလကျောက် သဘာဝဓါတ်ငွေ့တွင် Methane အဓိကပါဝင်ပြီး သန့်စင်၍ ထိရောက်မှုမြင့်မားသော စွမ်းအင်အရင်းအမြစ်နှင့်ဓာတု ကုန်ကြမ်းတစ်မျိုးဖြစ်ရာ လူနေအိမ်သုံး ဓါတ်ငွေ့၊ မြို့ပြ အပူငွေ့ပေးခြင်း၊ ဓါတ်အားထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်လောင်စာဆီနှင့် ဓာတုထုတ်ကုန်စသည်တို့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ကြောင်း သိရသည်။ (Xinhua)

………………………………..