သမ္မတ ရှီ၏ တရုတ်-အမေရိကန် ဆက်ဆံရေးကောင်းမွန်စေရန် မိန့်ဆိုလမ်းညွှန်ချက်များ

2022-02-23 15:25:59 |သတင်းအရင်းအမြစ် 新华网

လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်အကြာက အမေရိကန်နိုင်ငံ သမ္မတ ရစ်ချက်နစ်ဆင် (Richard Nixon) သည် “အေးစက်နေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းသည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း အလှည့်အပြောင်း၊ အချိုးအကွေ့များကြားမှ တရုတ်-အမေရိကန် နှစ်နိုင်ငံလုံး၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း ရှေ့သို့ တိုးတက်လာခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် တောင့်တင်းခိုင်မာ၍ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးရန်မှာ အရေးကြီးကြောင်း မှတ်ယူထားခဲ့သည်။

သမ္မတ ရှီသည် နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာစေရန် ၎င်း၏အမြင်များနှင့် အဆိုပြုချက်များကို ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ၎င်း၏ သဘောထားမှတ်ချက်မိန့်ကြားမှုများအနက် စိတ်ဝင်စားဖွယ်ရာအချို့ကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Helen Foster Snow ဖောင်ဒေးရှင်း၊ ဥက္ကဋ္ဌ Adam Foster ထံ ရေးသားခဲ့သော အကြောင်းပြန်စာတစ်စောင်တွင် ယင်းအဖွဲ့အစည်းအနေဖြင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရေး ပံ့ပိုးကူညီရန် တိုက်တွန်းဖော်ပြခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်က ပေးပို့သည့် ထိုစာတွင် Edgar နှင့် Helen Snow တို့သည် တရုတ်နိုင်ငံ စက်မှုလုပ်ငန်းဆိုင်ရာ သမဝါယမအဖွဲ့များ၏ Gong He (Gung Ho) လှုပ်ရှားမှုကို တက်တက်ကြွကြွမြှင့်တင်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ ကန်းစုပြည်နယ်ရှိ Shandan Peili ကျောင်းကို တည်ထောင်ရာတွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

Foster နှင့် ဖောင်ဒေးရှင်းတို့သည် Snows ၏ စံနမူနာကို ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်နှင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့သည် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးသောအဆင့်များတွင် ရောက်ရှိနေကြောင်းနှင့် လူသားမျိုးနွယ်၏ “ကမ္ဘာ့ရွာ” မှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း မှတ်ချက်ပြုခဲ့သည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ နှစ်နိုင်ငံဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နှင့် အမေရိကန်တို့သည် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာပြည်တွင်းရေးရာ အသီးသီးမှာလည်း ကောင်းစွာ လည်ပတ်လျက်ရှိသလို နိုင်ငံတကာဆိုင်ရာ တာဝန်ဝတ္တရားများကိုလည်း ကျေပွန်စွာ ပခုံးထမ်း ဆောင်ရွက်ရှိကြောင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ရန် အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

ခိုင်မာ၍ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ရာသီဥတုပြောင်းလဲခြင်းနှင့် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ထိထိရောက်ရောက် တုန့်ပြန်ရေး အပါအဝင် ငြိမ်းချမ်းမှုရှိပြီး တည်ငြိမ်သော နိုင်ငံတကာဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရန်နှင့် စောင့်ထိန်းရန် နှစ်နိုင်ငံလုံးအတွက် လိုအပ်ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။

ထို့ပြင် ခေတ်သစ်တွင် တရုတ်-အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးမှာ မူ ၃ ရပ်အဖြစ် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်နိုင်ငံ အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုကိုလည်း ၎င်းက မီးမောင်းထိုးဖော်ပြခဲ့သည်။

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်
တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယနေ့ခေတ်ကမ္ဘာတွင် အရေးကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးများအနက် တစ်ခုဖြစ်ကြောင်း အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီမှ ကျင်းပသော ၂၀၂၁ ခုနှစ် ညစာဧည့်ခံပွဲထံသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၌ ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ယခုအချိန်အခါတွင် တရုတ်-အမေရိကန်၊ ဆက်ဆံရေးသည် အရေးကြီးသော သမိုင်းဝင်အကူးအပြောင်းတွင် ရောက်ရှိနေပြီး နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမှ တိုးတက်ခြင်းရရှိမည်ဖြစ်သလို ထိပ်တိုက်ရင်ဆိုင်မှုများမှ ဆုံးရှုံးခြင်း ရရှိမည်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သလို ပူးပေါင်းဆောင်ရွက်မှုသည်သာလျှင် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ကြောင်း ရှီက ဆိုသည်။

အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ၏ စည်းမျဉ်းမူများကို လိုက်နာပြီး တရုတ်နိုင်ငံအနေဖြင့် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပူးတွဲလုပ်ဆောင်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးတွဲကိုင်တွယ်ဖြေရှင်းရန်နှင့် ခိုင်မာ၍ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု၏ လမ်းကြောင်းမှန်ပေါ်သို့ တရုတ်-အမေရိကန် ဆက်ဆံရေးအား ပြန်လည်၍ ဦးတည်ရန် မတူကွဲပြားမှုများအား သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲရန် အသင့်ရှိကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်

သမ္မတ ရှီက ဘိုင်ဒန်နှင့် တယ်လီဖုန်းပြောကြားရာတွင် တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ မူဝါဒကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အချို့အချိန်များ၌ ကြမ်းတမ်းသောအပိုင်းသို့ ရောက်ရှိခဲ့ရသလို နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားများအတွက် အကျိုးမရှိစေသည်သာမက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ဘုံအကျိုးကျေးဇူးများအတွက်လည်းပဲ အကျိုးမရှိစေကြောင်း ရှီက ထောက်ပြပြောဆိုခဲ့သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အကြီးမားဆုံး ဖွံ့ ဖြိုးဆဲနိုင်ငံနှင့် အကြီးမားဆုံး ဖွံ့ဖြိုးပြီးနိုင်ငံ အသီးသီးဖြစ်ကြကြောင်း၊ အနာဂတ်တွင် ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းကျောင်းကိုင်တွယ်နိုင်မည်လော ဆိုသည်မှာ နှစ်နိုင်ငံက မဖြစ်မနေဖြေဆိုရမည့် မေးခွန်းတစ်ခုပင် ဖြစ်ကြောင်း ၎င်းက အလေးထားပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ချိန်တွင် နှစ်နိုင်ငံ နှင့် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးရှိကြောင်း၊ တရုတ်နှင့် အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံချိန်တွင်မူ နှစ်နိုင်ငံလုံးနှင့် ကမ္ဘာကြီးပါ ခံစားနေရကြောင်း၊ မှန်ကန်သောဆက်ဆံရေးထားရှိခြင်းသည် အမြင်အားဖြင့်သာ မဟုတ်ဘဲ မဖြစ်မနေလုပ်ဆောင်ရမည်သာဖြစ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်
တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည်ထိန်းသိမ်းရေးနှင့် တိုးတက်ရေးသည် လွန်ခဲ့သော ရာစုနှစ်ဝက်အတွင်း နိုင်ငံတကာ ဆက်ဆံရေး၌ အရေးပါဆုံး ဖွံ့ဖြိုးတိုးတက်မှုများရှိခဲ့ကြောင်း တရုတ်နှစ်သစ်ကူး အကြို သမ္မတ ဘိုင်ဒန်မှ တယ်လီဖုန်းဖြင့် ဆက်သွယ်နှုတ်ခွန်းဆက်ရာတွင် ရှီက ပြောခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သောအခါ နှစ်နိုင်ငံလုံးနှင့် ကမ္ဘာ့နိုင်ငံကြီးများ၏ ကောင်းကျိုးအတွက် ကြီးမားသော အောင်မြင်မှုကို ရရှိနိုင်စေမည်ဖြစ်ကြောင်း၊ သို့ရာတွင် နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံရင်ဆိုင်မှုများကမူ နှစ်နိုင်ငံလုံးအတွက်သာမက ကမ္ဘာကြီးကိုလည်း ဆိုးရွားစေမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ထို့ပြင် ရှီက နှစ်နိုင်ငံတို့သည် ပဋိပက္ခမဖြစ်ရေးစိတ်သဘောထားကို လိုက်နာရေး၊ ထိပ်တိုက်တွေ့ဆုံရင်ဆိုင်ခြင်းမရှိရေး၊ အပြန်အလှန်လေးစားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုကို အာရုံစိုက်ရေး၊ မတူညီမှုများကို စီမံကိုင်တွယ်ရေးနှင့် ခိုင်မာတောင့်တင်း၍ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးတိုးတက်မှုအတွက် လုပ်ဆောင်ရေး စသည့် တူညီသောလမ်းကြောင်း၌ ပူးတွဲကြိုးပမ်းအားထုတ်သွားသင့်ကြောင်း ရှီက အကြံပြုခဲ့သည်။ (Xinhua)