တရုတ်ဟောင်ကောင်တွင် COVID-19 ရောဂါအတည်ပြုလူနာအသစ်(၆၂၁၁)ဦးထပ်တိုး တရုတ်နိုင်ငံဗဟိုအစိုးရ၏ထောက်ပံ့မှုဖြင့် Modular ဆေးရုံဆောက်လုပ်

2022-02-23 17:40:32 |သတင်းအရင်းအမြစ် 新华网、央视新闻

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ ကျန်းမာရေးဌာန ကျန်းမာရေးကာကွယ်ရေး စောင့်ရှောက် ရေးစင်တာ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ(၂၂)ရက်နေ့၌ ဟောင်ကောင်တွင် COVID-19 ရောဂါ အတည်ပြုလူနာအသစ်(၆၂၁၁)ဦး ထပ်တိုးခဲ့ကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ဟောင်ကောင်၏ နေရာအနှံ့အပြားတွင် ယာယီ ရပ်ကွက်ကွာရန်တင်း စင်တာနှင့် Modular ဆေးရုံများကို တရုတ်နိုင်ငံဗဟိုအစိုးရမှ ထောက်ပံ့မှုဖြင့် ဟောင်ကောင်ချင်းရီး၊ ချန်ရှင်းထျန်ရှော့ပင်းစင်တာ၊ ယွမ်လန်ထန်ဝေနှင့် ဟုန်ရွှေချောင် တို့တွင် စတင်ဆောက်လုပ်လျက် ရှိပါသည်။ အားလုံးဆောက်လုပ်ပြီးစီးပါက ဟောင်ကောင်အတွက် ကွာရန်တင်းစင်တာ(၁၄၀၀၀) မှ (၁၇၀၀၀)ခုအထိ ထောက်ပံ့ ပေးနိုင်မည်ဖြစ်ပါသည်။ ၎င်းတို့အနက် ချင်းရီး Modular ဆေးရုံသည် ဆောက်လုပ်ရေးစတင်ပြီး တစ်ပတ်ခန့်အကြာတွင် ဦးစွာပေးအသုံးပြုမည်ဖြစ်ပါသည်။

(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန၊ CCTV၊ ဘာသာပြန်၊ Yunnan gateway)