ယခုရက်ပိုင်းတွင် KFC ၏ “ယူနန်အနီရောင်ဘူး”ကော်ဖီကို ကူမင်းမြို့တွင် စတင်ရောင်းချသည့် အခမ်း အနားကျင်းပခဲ့ပါသည်။ အဆိုပါကော်ဖီကို ယူနန်ဒေသတွင်းရှိ KFC ဆိုင်များအားလုံးတွင် စတင် ရောင်းချ မည်ဖြစ်ပြီး ယခုနှစ်ဧပြီလတွင် တရုတ်နိုင်ငံရှိ KFC ဆိုင်ပေါင်း(၈၀၀၀)ကျော်နှင့် အွန်လိုင်း KFC super app တွင်လည်း စတင်ရောင်းချမည်ဖြစ်ပါသည်။
“ယူနန်အနီအရောင်ဘူး”ကော်ဖီသည် ယူနန်ပြည်နယ်အတွင်း ကော်ဖော်ထုတ်လုပ်ခြင်းနေရာအနက်တစ်ခု ဖြစ်သော ပေါင်ရှန်းကောင်းလီကုန့်တောင်မှ အထူးထုတ်ကော်ဖီစေ့ဖြင့် medium-dark roasting နှင့် အအေးခဲ-အခြောက်ခံနည်းပညာအသုံးပြုပြီး ယူနန်ကော်ဖီ၏ မူလအရသာကို ခံစားရရှိစေပါသည်။
ယူနန်ကော်ဖီစိုက်ပျိုးရေးဧရိယာသည် ကျယ်ပြန့်ပြီး အရည်အသွေးကောင်းမွန်ကြောင်း၊ KFC မှ ယူနန်ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပေါင်းစည်းနိုင်ရန် KFC မှ သက်ဆိုင်ရာတာဝန်ရှိသူမှ မိတ်ဆက်ခဲ့ပါသည်။
(သတင်းအရင်းအမြစ်၊ ယူနန် daily၊ ဘာသာပြန်၊ Yunnan gateway)