မောင်းသူမဲ့ဘတ်စ်ကားကို ယူနန်ပြည်နယ် တာ့လီမြို့ အလ်ဟိုင်ကန်ဘေးရှုခင်းသာစင်္ကြံတွင် စတင်စမ်းသပ်အသုံးပြု

2022-02-24 17:47:12 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ခရီးသည်များသယ်ယူပို့ဆောင်သော မောင်းသူမဲ့ဘတ်စ်ကားသည် ယူနန်ပြည်နယ် တာ့လီမြို့ အလ်ဟိုင်ကန်ကြီးဘေးရှိ ရှုခင်းသာစင်္ကြံတွင် စတင်စမ်းသပ်အသုံးပြုခဲ့သည်။ ၎င်းဘတ်စ်ကားသည် ၃၆၀ ဒီဂရီ မျက်ကွယ်နေရာမရှိသည့် အချိန်နှင့်တပြေးညီ ခံစားသိရှိနိုင်သော စွမ်းရည်ပိုင်ဆိုင်ထားပြီး အရှေ့မီတာ ၂၀၀ ဝန်းကျင်အတွင်း လမ်းအခြေအနေကို တိကျစွာ ခံစားသိရှိ၍ အနီးတဝိုက်လမ်းအခြေအနေနှင့် လမ်းသွားလမ်းလာ လူနှင့်ယာဉ်အခြေအနေကို တိကျစွာ ကြိုတင် အကဲဖြတ်နိုင်ပါသည်။ ထို့အတူ ၎င်းဘတ်စ်ကားသည် အလိုလျောက်မောင်းနှင်မှုစနစ်၏ ဘေးကင်းမှုကို အတတ်နိုင်ဆုံး အာမခံနိုင်သည်။ ပုံမှန်မဟုတ်သော သို့မဟုတ် အရေးပေါ်အခြေအနေတွင် ဘေးကပ်ကားရပ်ခြင်း၊ အရေးပေါ်ဘရိတ်အုပ်ခြင်း စသည့်စနစ်များကိုစတင်ပြီး မောင်းနှင်မှု၏ လုံခြုံစိတ်ချရမှုကို အာမခံပေးသည်။

သတင်းအရ ယခုအကြိမ် စမ်းသပ်အသုံးပြုမှုအပြီးတွင် မောင်းသူမဲ့ဘတ်စ်ကားသည် ၂ လကြာ ဆက်လက်ပြီး ဧည့်သည်များ သယ်ယူပို့ဆောင်ပေးမည်ဖြစ်သဖြင့် ခရီးသည်များအနေဖြင့် လာရောက်စီးနင်းကာ အတွေ့အကြုံရယူနိုင်ကြောင်း သိရပါသည်။
(သတင်းအရငသ်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)